*ငြိမ်ငြိမ်နေစမ်းပါကွာ ဒီတိုင်းလေး ဖက်ထားချင်လို့*

*ဘာလို့နေရမှာလည်း ဦးလေးကြီးနဲ့ ဘာဆိုင်လို့နေရမှာလည်း*

အသံကြားသည်နှင့် ဦးလေးကြီးမှန်း ခေတ်သိလိုက်သည်။
ဒီလောက်ရဲတင်းတာလည်း သူဘဲရှိသည်မဟုတ်လား။
ခေတ် စိတ်က ရုန်းနေပေမယ့် ခန္ဓာကိုယ်ကတော့ သူ့ရဲ့ အထိအတွေ့ကို သဘောကျနေသည်ထင်ပါရဲ့ ရုန်းကန်ခြင်းမပြုပေ။

*ကလေးလေး *

*ပြော*

*ဟာကွာ နူးနူးညံ့ညံ့လေး ပြန်ဖြေကြည့်ပါအုန်း*

*မဖြေတတ်ဘူး မကြားချင် မခေါ်နဲ့ပေါ့ ဘယ်သူက အတင်းခေါ်ခိုင်းနေလို့လည်း*

ပြောလိုက်ရင် ကတ်ကတ်လန်အောင် ရန်တွေ့တတ်တာ သူမလေးရဲ့ အကျင့်ထင်ပါရဲ့ ။ ဆက်ပြီး မငြင်းခုန်တော့ဘဲ လိုရင်းကိုသာ
သွားလိုက်သည်။

*ကလေးလေး ကိုယ် မင်းကို သဘောကျနေမိပြီ ထင်တယ်*

ဟင်း ဘလိုကြီးလည်း ထင်တယ်တဲ့ ကိုယ်ကဘဲ အတည်ပြုပေးရမယ့် ပုံစံနဲ့ ပြောကိုမပြောချင်ဘူး တကယ့်လူ။

*အဲ့တော့*

*ကိုယ် အတည်ပြုချင်လို့ ဒီတိုင်းလေးဘဲ နေပေးပါကွာ ခနလေးဘဲ *

နောက်ထပ် 10 မိတစ်လောက်ကြာသော် သူ့ဘက်က
စကားထပ်ထွက်လာသည်။ ဒီခါ အတည်ပြုပြီးပြီ ထင်ပါရဲ့။
ကိုယ်ချင်းကးခွာလိုက်ပြီး မျက်နာချင်းဆိုင်‌အနေထားဖြင့် ညိမ်နေပြန်သည်။ လရောင် ကြောင့် ဝိုးတိုးဝါးတားတော့ မြင်နေရသည်။

အတော်ကြာ စိုက်ကြည့်ပြီးမှ ကလေးရဲ့ ပုခုံးလေးကို ဖိကိုင်ကာ
နူတ်ခမ်းထပ်မှ နူးညံ့သော စကားလုံးလေးတွေ စီစရာမလိုအောင်ပင် ထွက်ကြလာသည်။

*ကလေးလေး ကိုယ် မင်းကို ချစ်မိနေပြီ*

*ဗျာ*

*မဗျာ နဲ့ တကယ်ပြောတာ ကလေးယုံတယ်မဟုတ်လား*

*ဟင့်အင်း ကျွန်တော်မသိဘူး*

အဲ့လူ‌နဲ့တွေ့ရင် ရင်ခုန်ပေမယ့် တကယ်တန်း ဖွင့်ပြောခံလိုက်ရတော့
ခေတ် ကျောက်ရုပ်သဖွယ် တောင့်တောင့်ကြီးဖြစ်ကာ ပြန်တုံ့ပြန်ဖို့ စကားလုံးတောင် ရှာမတွေ့တော့ပေ။ သေချာတာကတော့ ခေတ် အဲ့လူကြီးကို လက်မခံ‌နိုင်သေးပါဘူး။
ချစ်ဖို့လည်း စိတ်ကူးမရှိသေးဘူး။ ရင်ခုန်တယ်ဆိုတာ စိတ်ကစားတာဘဲနေမှာပါ။

ခများ ပိုင်တဲ့ ကောင်မလေး(Completed)Where stories live. Discover now