လေးထောင့်မျက်မှန်အောက်ကမျက်လုံးဝိုင်းလေးတွေကိုငေးရင်းသဝဏ့်ရင်ထဲကလိကလိ။ ယောက်ျားတစ်ယောက်မှာရှိသင့်ရှိထိုက်တဲ့ခန္ဓာကိုယ်မျက်နှာထားနဲ့မျက်နှာကျ။ ပြောရရင်ဒေါက်တာကမိန်းကလေးလိုလှတာမဟုတ်ဘဲ ယောက်ျားတစ်ယောက်လိုခန့်တာမျိုး။
ဒါပေမယ့်ဘာဖြစ်လို့များ တစိမ့်စိမ့်ကြည့်လေချစ်ဖို့ကောင်းလေလို့မြင်နေရတာလဲ……။

"ကိုယ်………"

"ရှူး……"

အထူအပါးမညီတဲ့နှုတ်ခမ်းလေးကိုလက်ညှိုးနဲ့ဖိပိတ်ထားလိုက်မိတော့အိစက်နေတဲ့နှုတ်ခမ်းသားလေးရဲ့အထိအတွေ့ကထပ်ပြီးထိတွေ့ချင်လာမိသည်။
စကားမပြောပါနဲ့ဒေါက်တာ……ကျွန်တော်ခင်ဗျားကိုငေးချင်သေးတယ်။
အင်း……အကြောင်းပြချက်မရှိဘဲနဲ့ပေါ့……။

"ကောင်လေး……"

အချိန်အတော်ကြာသည်အထိစကားမပြောဘဲစိုက်ကြည့်နေတဲ့ကောင်လေးကြောင့်တိုးဖွဖွခေါ်ဝေါ်မိတော့ကောင်လေးကချက်ချင်းပြန်ဖယ်ခွားသွားပြီးချောင်းတွေဘာတွေဟန့်သည်။
ဟား……ဒီကလေးနှယ့်။

"ကျွန်တော်သားကိုသွားကြည့်ချင်တယ်…အဲ့ဒါဒေါက်တာပါလိုက်ခဲ့မလား……"

"လိုက်မယ်လေ…ကိုယ်ကကောင်လေးသွားတဲ့နေရာတိုင်းတကောက်ကောက်လိုက်ချင်တာ……"

ပြုံးကာပြောလိုက်တော့ကောင်လေးကတစ်ချက်ကြည့်လာသည်။ ပြီးမှမသိချင်ယောင်ဆောင်ကာသူ့ကားဆီဦးတည်ကာခပ်သုတ်သုတ်လျှောက်သွားတာကြောင့်ထည်ဝါလည်းအနောက်ကနေအမြန်လိုက်သွားရ၏။

"ကားကရော ဘယ်လိုလုပ်မှာလဲ……"

"တစ်ယောက်ယောက်ကိုလာယူခိုင်းလိုက်မှာပေါ့……ကားကကောင်လေးလောက်အရေးမကြီးပါဘူး……"

ဘာမှပြန်မပြောဘဲကားစက်နှိုးနေသည့်ကောင်လေးကြောင့်ထည်ဝါပြုံးမိပြန်တယ်။
ဒီကောင်လေးရှက်ရင်ရှက်တယ်ပေါ့……မထုံတထေးနဲ့ရုပ်ကိုက……။


_____________________________________________


ကျောင်းဆင်းတာနဲ့ပြေးထွက်လာကြတဲ့ကလေးတွေကြားသားကယောင်လည်လည်နှင့်ဟိုကြည့်ဒီကြည့်လေး။ အရင်ကထက်ပိန်သွားပုံရပေမယ့် သားကအရင်လိုတော့ချစ်ဖို့ကောင်းနေဆဲပင်။
အချိန်အတော်ကြာတဲ့အထိဘယ်သူမှလာမကြိုသေးတာကြောင့်သဝဏ်ကားပေါ်ကနေဆင်းသွားလိုက်တော့ သားကလည်းအနားကိုပြေးလာသည်။

Second life ( အချို့သောချစ်ခြင်းတို့သည် )Waar verhalen tot leven komen. Ontdek het nu