" ဒါ့ကြောင့် ကျွန်တော့်ကို သနားစိတ်နဲ့ ကောင်းကောင်းမွန်မွန် မဆက်ဆံပေးပါနဲ့နော်.... ကျွန်တော် နားလည်မှုတွေလွဲမှာစိုးလို့ပါ......"

ဟုတ်ပါတယ်.....သူ ဖြစ်မလာနိုင်မှန်းသိရက်နဲ့မျှော်လင့်ချက်တွေထားမိရင် အဆုံးသတ်မှာ သူပဲနာကျင်ခံစားရလိမ့်မယ်......

ရီဇဲ မှုန်မှိုင်းတဲ့အကြည့်တွေနဲ့ ကောင်လေးစကားဆုံးတဲ့အထိ နားထောင်ပေးခဲ့တယ်.....ပြီးတော့မှသာ ကောင်လေးမျက်နှာကို လက်နှစ်ဖက်နဲ့အုပ်ကိုင်လိုက်ပြီး......

"ဘာကိုနားလည်မှုလွဲမှာလဲ....."

ရှဲ့ဟယ် နှုတ်ခမ်းသားတွေ တဆတ်ဆတ်တုန်နေတာကြောင့် ဘာမှပြန်မဖြေနိုင်ခဲ့ဘူး......

ရီဇဲ ပြုံးနေရာကနေ မျက်နှာတည်လိုက်ပြီး အရင်လိုလေသံမာမာနဲ့ ထပ်မေးလိုက်တယ်.....

"ဘာကိုနားလည်မှုလွဲမှာလဲ....."

" ရီကော ကျွန်တော့်ကို နည်းနည်းဂရုစိုက်တယ်လို့ ထင်မိမှာကိုပါ......"

ရှဲ့ဟယ်ရဲ့အသံက ဒဏ်ရာရပြီး ချောင်ပိတ်မိနေတဲ့အကောင်ပေါက်လေးလို တိုးလျအက်ကွဲနေတယ်.......

စိတ်ပျက်အားငယ်မှုတွေ သိမ်ငယ်မှုတွေကို ကွယ်ဝှက်ထားချင်သော်လည်း မစွမ်းသာနိုင်ခဲ့ပါဘူး.....ဒီလိုတွေ ဂရုစိုက်ပေးလေ မျှော်လင့်ချက်တွေထားမိလေဖြစ်နေဉီးမှာပါ.....ဘယ်လိုပဲကြိုးစားခဲ့ပါစေ မရရှိနိုင်တဲ့ချစ်ခြင်းတစ်ခုမှန်းသေချာသိထားခဲ့ပြီးပြီပဲ  ...ကိုယ်ချင်းစာ စာနာသနားမှုတွေကို ထင်ယောင်ထင်မှားဖြစ်နေလို့ မရဘူးလေ......

" မင်း တကယ်ကို နားလည်မှုလွဲနေခဲ့တာပဲ.....ကိုယ်မင်းကို ဂရုစိုက်တယ်ဆိုတာ မင်းကိုချစ်လို့နေပါ......"

သူ့မျက်ဝန်းကို တည့်တည့်ကြည့်ပြီး​ပြောလိုက်တဲ့စကားတွေကြောင့် ရှဲ့ဟယ် မျက်လုံးအဝိုင်းသားဖြစ်သွားခဲ့တယ်.....
.
သက်ရှိထင်ရှားရှိနေစဉ်မှာ ရီဇဲ နှုတ်ကနေဒီလိုစကားမျိုးကြားရလိမ့်မယ် ထင်မထားခဲ့မိရိုးအမှန်ပါ......

ရီဇဲ ဒီလိုပြောတဲ့အခါ တကယ်ကို စိတ်လှုပ်ရှားနေခဲ့တယ်.....

'ငါ မင်းကို ချစ်တယ်' ဆိုတဲ့စကားကို ပြောချင်နေခဲ့တာ သိပ်ကြာနေခဲ့ပါပြီ.....

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now