အခန်း (52)

4.6K 777 79
                                    

တန့်ကျင်းဝမ်း ရုတ်တရက် မတ်တပ်ထရပ်လိုက်မိတာကြောင့် စားပွဲပေါ်က ဖန်ခွက်ကို လက်နဲ့တိုက်မိသွားပြီး အင်းကျီလက်စတွေပါ ရေစိုကုန်တယ်........သို့သော်လဲ ဤအရာကို သတိထားမိဟန်မတူ....သူ့အကြည့်တွေက သူ့ရှေ့က secreen ပေါ်မှာသာမြဲမြံနေတယ်.....ထို Secreen ပေါ်မှာ မြင်နေရသော
ရုပ်ပုံလွှာသည် ကျိုးပဲ့နေသော အရုပ်အိပ်လေးကို ထွေးပွေ့ထားသည့် ကောင်လေးတစ်ယောက်သာပင်......

သတိရခဲ့ပါပြီ.....သူဟာ သိပ်ကို မှတ်ဉာဏ်ကောင်းသူတစ်ယောက်ပါ.....အဲ့အချိန်တုန်းက သေချာသတိမပြုမိလို့သာ မမှတ်မိခဲ့တာပါ....

လွန်လေပြီးသော နှစ်ပေါင်းများစွာတုန်းကပေါ့....အဲ့နေ့တုန်းက အချီကြီးရမယ့် အလုပ်ကိစ္စတစ်ခုကို သဘောတူလက်မှတ်ရေးထိုးဖြစ်ခဲ့တယ်....သူအိမ်ပြန်ရောက်တော့ ကောင်လေးက ကြမ်းပြင်ပေါ်မှာထိုင်ပြီး
အရုပ်အိမ်အပိုင်းအစလေးတွေကို ဒေါသတကြီးစိုက်ကြည့်နေတယ်.....တည်ဆောက်ဖို့လွယ်ကူပေမယ့် ကောင်လေးကဒါကို မဆက်နိုင်​ဘူးဖြစ်နေတယ်လေ...အဲ့တုန်းက ကောင်လေးက အခုလိုမဟုတ်ဘူး....စိတ်​ပျော်နေတဲ့အချိန်ဖြစ်တာကြောင့် ခပ်တုံးတုံးကောင်လေးကို ကူညီပေးဖြစ်ခဲ့တယ်.....

အဲ့တုန်းကဆို ကောင်လေးသိပ်ကို ပျော်နေခဲ့တာ.....အရုပ်အိမ်လေးကို ရတနာတစ်ခုလို တယုတယကိုင်တွယ်ပြီး လူရုပ်လေးနှစ်ခုကို လက်ညှိုးတထိုးထိုးနဲ့ပြောပြခဲ့သေးတယ်..

...ဒါက ဒယ်ဒီ...ဒါကသားသား...ဒယ်ဒီ့က ကမ္ဘာပေါ်မှာအကောင်းဆုံးဒယ်ဒီပဲ....ဒယ်ဒီ့ကို အချစ်ဆုံးပဲ....

အဲ့တုန်းက တန့်ကျင်းဝမ်းတစ်ယောက် ဒီစကားတွေကို ဂရုမထားဘဲ ဒီအတိုင်းလှည့်ထွက်ခဲ့တယ်.....

သူ့အတွက် အရေးမပါတဲ့ အသေးအမွှားကိစ္စတစ်ခုကို  ဒီကောင်လေး နှစ်ပေါင်းများစွာကြာတဲ့အထိ အမှတ်ထားနေမယ်မှန်း ထင်မထားမိရိုးအမှန်ပါ.....

မျက်လုံးတွေကို လက်နဲ့ဖုံးကာပြီ ခေါင်းမော့ထားလိုက်တယ်....

ဘာတွေလုပ်ခဲ့မိလဲ ကြည့်စမ်းပါဉီး....သူ့လုပ်ရပ်တွေ ဘယ်လိုတောင် ရက်စက်ခဲ့သလဲ ကြည့်ကြစမ်းပါဉီး.....

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now