ဒါတွေအကုန်လုံး မနေ့ တနေ့ကလိုပါပဲလား.....

ဒီအမှတ်တရတွေဟာ ရီဇဲရဲ့နှလုံးသားထဲမှာ  အသံတိတ် မှတ်တမ်းတင်ထားခဲ့ပြီးသားအရာတွေပါ......

" အင်း....ကိုယ်ရှိတယ်....."

ရီဇဲရဲ့ အကြည့်တွေထဲမှာ နွေးထွေးမှုတွေ ပြည့်လျှံနေတယ်......

ရှဲ့ဟယ် ပြန်ကြည့်လိုက်တဲ့ အကြည့်တွေထဲမှာ အရာအားလုံးကို နားလည်နေတယ်ဆိုတဲ့ အဓိပ္ပါယ်တွေပါဝင်နေတယ်......

"ရီကော ကျွန်တော့်အပေါ် အခုလို ဆက်ဆံပေးဖို့မလိုပါဘူး....."

ဒီစကားတွေက ရီဇဲရဲ့ နှလုံးသားကို စုန်းစုန်းနစ်မြှုပ်သွားစေခဲ့တယ်......

" ဘာကြောင့်လဲ....."

ရှဲ့ဟယ်က တိုက်ရိုက်ပြန်ဖြေရမယ့်အစား လှလှပပပြုံးလိုက်ပြီး......

"ကျွန်တော် ရီကောအနားမှာ နေခဲ့တဲ့အတောအတွင်း လူတွေက ရီကောကိုနှလုံးသားမဲ့တယ်လို ပြောကြဖူးတယ်.....ဒါပေမယ့် ကျွန်တော်အဲ့လိုတခါမှမတွေးခဲ့ဖူးဘူး......ရီကောက တကယ့်ကို စိတ်ရင်းကောင်းသူတစ်ယောက်ပါ....ကျွန်တော့်အပေါ် ကောင်းကောင်းဆက်ဆံပေးတယ်...ကျွန်တော့်ဘက်က အမှားမလုပ်သရွေ့ ဘယ်တုန်းကမှ စိတ်ဆိုးဒေါသထွက်တာမျိုးတွေမရှိခဲ့ဘူး.....ရီကော အနားမှာ နေခွင့်ရလို့ ကျွန်တော့်ကိုမနာလိုဖြစ်ကြတဲ့သူတွေအများကြီးပဲ......ကျွန်တော်ကသာ လောဘမတက်သင့်တဲ့အရာကို လောဘတက်ပြီး ဘောင်ကျော်ခဲ့မိတာ...ဒါ​ကြောင့်လည်း အချိန်မလွန်ခင် နောက်ကြောင်းပြန်လှည့်ဖို့ကြိုးစားခဲ့တယ်......"

" အသိစိတ်ပျောက်ပြီး မမက်မောသင့်တာကိုမက်မောမိရင် အဆုံးသတ်ကောင်းနိုင်မှာမဟုတ်ဘူး.....ဒါကို နားလည်တာကြောင့် ရီကောနားက ထွက်သွားဖို့ဆုံးဖြတ်ခဲ့တာပါ.....ရီကောရှေ့မှာ ဒီ့ထက်ပိုပြီးအရှက်မကွဲချင်တော့ဘူး.....ရီကော ကျွန်တော့်ကို နားလည်ပေးဖို့မျှော်လင့်ပါတယ်...."

" ရီကော ကျွန်တော့်အပေါ် ဘယ်လောက်ကောင်းခဲ့သလဲဆိုတာ ကျွန်တော်သိပ်သိတာပေါ့......."

ပြောနေရင်းကနေ အသံတွေတုန်လာပြီး မငိုမိအောင် မျက်တောင်တဖြတ်ဖြတ်ခတ်နေရတဲ့ ရှဲ့ဟယ်ကို ရီဇဲ တမေ့တမောငေးကြည့်နေခဲ့မိတယ်......

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာTahanan ng mga kuwento. Tumuklas ngayon