အပိုင်း (၁၈)

6.7K 228 6
                                    

၀မ်ရိပေါ်ဟာ အလုပ်တွေပါလာသည်ကြောင့် ဒီညအပြီးလုပ်ကာ မနက်ဖြန် အလုပ်ပိတ်ရက်တွင် ရှောင်းကျန့်အနားသာ ကပ်နေမည်ဟူသောအကြံဖြင့် အလုပ်တွေကုန်းလုပ်နေတော့သည်။ ဒီညတော့ သူရှောင်းကျန့်ဆီမသွားဖြစ်လောက်။

ရှောင်းကျန့်အားလည်းပြောပြထားပြီး ဖြစ်ပြီး အလုပ်တွေအကုန်ပြီးချိန်မှ မျက်နှာလေးတစ်ချက် သွားကြည့်မည်ဟု၍ တွေးထားလိုက်သည်။

ည ၁၂နာရီ၀န်းကျင်ခန့်......။

၀မ်ရိပေါ်ဟာ အလုပ်လုပ်နေရင်း သူ့ဆီ၀င်လာသော Mail တစ်ခုကြောင့် ဖွင့်ကြည့်လိုက်တော့ ပုံတစ်ပုံဖြစ်နေသည်။

ထိုပုံမှာ ဓာတ်လှေခါးထဲကပုံဖြစ်ပြီး အနောက်ကလူက အရှေ့ကလူကို ခါးကနေဖက်ထားသည့်ပုံစံပင်။ အနောက်ကလူပုံကိုဝါးထားပြီး ရှေ့ကလူက သေချာပေါက် ရှောင်းကျန့်ပါလေ။

၀မ်ရိပေါ်ဟာ ထိုပုံကို မမှိတ်မသုန်စိုက်ကြည့်နေသည်မှာ နာရီ၀က်နီးပါးလောက်ပင်။

ထို့နောက် မျက်၀န်းတို့အား မှိတ်ချလိုက်ပြီးနောက် ထိုင်နေသည့် အလုပ်စားပွဲပေါ် နောက်ကျောမှီရင်း မျက်နှာကို လက်ဖဝါးကြီးဖြင့် သပ်ချလိုက်တော့သည်။ ပင့်သက်တစ်ချက်ကို ခပ်ပြင်းပြင်းရှိုက်ရင်း မျက်၀န်းများပြန်ဖွင့်လိုက်ချိန် မျက်ဆံတို့ဟာ သွေးရောင်တို့လွှမ်းနေတော့သည်။

၀မ်ရိပေါ်ဟာ တစ်ပတ်တွင် တစ်ခါတောင်မသောက်ဖြစ်သည့် ဆေးလိပ်ဗူးအား သူ့အံဆွဲထဲကယူကာ ၀ရံတာကနေ အပြင်သို့ကြည့်နေရင်း ဆေးလိပ်ဗူးထဲက တစ်၀က်ခန့်ကျိုးသည်အထိ သောက်နေလေသည်။ ထိုအရာဟာ သူ့ကိုယ်သူ စိတ်လျော့ချနေပါသည့်နှယ်။

ပြီးနောက် အိပ်ခန်းထဲကထွက်ကာ ဦးတည်ရာက ရှောင်းကျန့်အခန်းဆီသို့။

အိပ်ယာပေါ်တွင် ဘေးသို့တစောင်းလေးစောင်းကာ အိပ်နေပါသည့် ရှောင်းကျန့်နောက်ဘက်သို့ ၀မ်ရိပေါ်က ၀င်လှဲကာ နေရာယူလိုက်ပြီးနောက် ခန္ဓာကိုယ်သေးသေးလေးအား သိုင်းဖက်လိုက်ပါတော့သည်။

ထိုအခါ အအိပ်စက်သည့်ရှောင်းကျန့်က လူးလွန့်လာပြီး ၀မ်ရိပေါ်ဘက်လှည့်ကာ ရင်ခွင်ကျယ်ကြီးထဲတိုး၀င်ရင်း....

My Bed Player 🚨Where stories live. Discover now