အပိုင်း (၁၃)

7.5K 237 12
                                    

မနက်ရှောင်းကျန့်နိုးလာချိန်တွင် သူဟာ ဝမ်အိမ်တော်က သူ့၏အိပ်ခန်းထဲသို့ ပြန်ရောက်နေသည်ကို သိလိုက်ရသည်။ ဘယ်အချိန်ပြန်ရောက်ပြီး သူဘယ်လို အခန်းထဲရောက်လာလဲတော့မသိလိုက်။

အဖျားတို့က ကျသွားပြီဖြစ်သော်လည်း ခန္ဓာကိုယ်က နှုံးချိနေကာ အောက်ပိုင်းကလည်း အရမ်းမဟုတ်တောင် နာကျင်နေပါသေးသည်။

တစ်စုံတစ်ရာဟာလည်း လစ်ဟာနေပါသလို ထိုအရာဟာ ဝမ်ရိပေါ်၏ရင်ခွင်နွေးနွေးသာဖြစ်ကြောင်းလည်း ရှောင်းကျန့်ကိုယ်တိုင် ခံစားမိပါသည်။

Italy ခရီးစဉ်ဟာ ရင်ဖိုစိတ်လှုပ်ရှားဖွယ်ဖြစ်သော်လည်း သူ့ခန္ဓာကိုယ် အသွေးအသားနှင့် စိတ်နှလုံးသားတို့အား တစ်စုံတစ်ယောက်ကို အတိအလင်း ပေးအပ်လိုက်ရသည့် ခရီးစဉ်လည်းဖြစ်သည်။

သို့သော် ရှောင်းကျန့်အနေဖြင့် ကျေနပ်ရပါသည်။ ထိုလူဟာ ၀မ်ရိပေါ်ဖြစ်နေခဲ့သည်ဘဲ...။

၀မ်ရိပေါ်က သူ့အား တစ်နေ့နေ့တစ်ချိန်ချိန်တွင်တော့ ချစ်လာနိုင်ပါသေးသည်။ အချိန်တစ်ခုသာလိုအပ်ပြီး သူဟာထိုအချိန်အထိ စိတ်ရှည်သည်းခံပြီး စောင့်ဆိုင်းရမည်ဖြစ်သည်။

ခန္ဓာကိုယ်ချင်း ဆက်ယှက်မှုမှာ သူဟာလည်းအလိုတူအလိုပါပင်ဖြစ်ခဲ့ရပြီး ၀မ်ရိပေါ်လိုအပ်သည့်အခါတိုင်းလည်း ပေးအပ်ဖို့သူဆုံးဖြတ်ခဲ့ပါတော့သည်။

သူ့အနေဖြင့် ၀မ်ရိပေါ်ထံမှ နှလုံးသားအား အရယူနိုင်ဖို့ရန်အတွက် သူ့ရှိသမျှအရာရာ ပေးဆပ်ရမည်ဆိုလျှင်တောင် တန်ပါသည်။

ကျောင်းပျက်ရက်တို့များနေသည် ဖြစ်သည်ကြောင့် ရှောင်းကျန့်အနေဖြင့် ဒီနေ့တော့ ကျောင်းတက်မှဖြစ်လိမ့်မည်။ ခန္ဓာကိုယ်က နှုံးနေပါသော်လည်း အဖျားမှ မရှိတော့ဘဲ။ ဒီလောက်ကတော့ ခံနိုင်ရည်ရှိပါသည်။

အိပ်ယာကနေထပြီး ရေမိုးချိုးကာ ကျောင်း၀တ်စုံလဲ၍ ဒီနေ့အချိန်ဇယားတိုက်ကာ ကျောပိုးအိတ်လေးလွယ်၍ အောက်ထပ်သို့ဆင်းလာခဲ့သည်။ အချိန်အားဖြင့် ၈နာရီကျော်နေပြီဖြစ်‌ပြီး ရှောင်းကျန့်အဒေါ်က dining room ထဲတွင် နံနက်စာစားနေသည်။

My Bed Player 🚨Where stories live. Discover now