ရှောင်ကျန့်စကားပြောနေရင်း သတိထားမိလိုက်တာက သူပွတ်ပေးနေတဲ့ လက်လေးကအနည်းငယ်လှုပ်လာသည်ကို
Xz:" ဟင် လူကြီး လူကြီး "
ခဏအကြာတဖြည်းဖြည်းဖွင့်ဟလာတဲ့မျက်ဝန်းအစုံ
Xz:" လူကြီး သားခေါ်တာကြားလား လူကြီး။ "
Yb:" ရေ ရေဆာတယ်"
Xz:" ပေး ပေးမယ်ခဏနော်"
ရှောင်ကျန့်လည်းအမြန်ရေဘူးယူကာခွက်ထည့်ထည့်၍ ဂွမ်းလေးနဲ့စွတ်ကာတိုက်လေသည်။
အရမ်းတော့တိုက်မရ လူကြီးကအားမှာမရှိသေးတာ။
ရေလည်းတိုက်ပြီးရော
Xz:" ခ ခဏနော် လူကြီး ဆရာဝန်ခေါ်လိုက်ဦးမယ်နော်"
ရှောင်ကျန့်ထဖို့ပြင်တဲ့အခါ တစ်စုံတစ်ခုကသူ့လက်ကိုလှမ်းဆွဲလေရဲ့။ဒါဟာ သေချာပေါက်လူကြီးလက်ပေါ့။
Yb:":မသွားပါနဲ့လား ကလေး"
Xz:" ဆရာဝ်အခေုနေကြည့်ဖို့ ခဏလေးခေါ်မှာပါ။ အဝေးကြီးမဟုတ်ဖူး ဟိုနားကခလုတ်လေးဘဲ"
သူတို့နဲ့လေးငါးလှမ်းလောက်ဝေးတဲ့နံရံကခလုတ်နီလေးကိုညွှန်ပြကာမှလူကြီးတစ်ယောက်လက်လွှတ်လေရဲ့။
ရှောင်ကျန့်လည်းလူကြီးလက်လွှတ်မှထိုခလုတ်လေးကိုနှိပ်ကာ လူကြီးဆီပြန်လာလေရဲ့။
ခဏအကြာမှာဆရာဝန်တွေရောက်လာပြီး စစ်ဆေးဆရာရှိတာ စစ်ဆေးပြီးထွက်သွားလေရဲ့။
ဆရာဝန်ထွက်သွားပြီးတော့ လူကြီးကိုခဏပြန်အိပ်ခိုင်းရတယ်။
ဒါတောင်အတင်းငြင်းသေးတယ် လွမ်းလို့ကြည့်ချင်သေးတယ်ဆိုပြီး။အရမ်းအားမရှိတာကြောင့် အိပ်ပြီးနိုးမှအဝကြည့်စိတ်ကြိုက်ကြည့်ပါလို့ချော့ပြောရတယ်။
ထိုအခါမှတဖန်အိပ်စက်တဲ့လူကြီးပါလေ။
နာရီအနည်းငယ်ကြာချိန်မှာတော့လူကြီးပြန်နိုးလာတယ်။ဒီတစ်ခါတော့ အားအင်နညး်နည်းပြည့်လာတာမို့ထိုင်ရန်ကူညီပေးရတယ်
Yb:" ကလေး ကိုယ့်ရဲ့ကလေးငယ်"
ထိုင်ပြီးသည်နှသ့်လက်ကိုဆွဲကာရင်ခွင်ထဲထည့်ဖက်သူ။
အားရှိတာနဲ့ အစွမ်းကပြပြီ။
YOU ARE READING
My Little Bad Boy 💖💖
Fanfiction💖My Little Bad Boy💖 (လူကြီးရဲ့အဆိုးလေး) Intro!! "လူကြီးအပေါ် ဆိုးချင်တာက ကျွန်တော့ဝါသနာဖြစ်နေတယ်🫣။ ဆိုးတာလေးကိုဘဲသည်းခံပြီးချစ်ပေးပါခင်ဗျားရယ်...😊" (Xiao Zhan,Xz)❤️ "မင်းလေးဆိုးသမျှကို ကိုယ်ကအသည်းယားနေသူပါ။😊 စိတ်ရှိတိုင်းဆိုးပြီးရင် ကိုယ့်ချစ်တ...
My Little Bad Boy 💕 Part 22💕
Start from the beginning
