My Little Bad Boy 💕 Part 12

710 46 2
                                        

ဒန် .ဒန်. ဒန်ဒန်.. 🎶🎶ဒန်. ဒန်. ဒန်ဒန်..

ကြီးမားတဲ့ မင်ဂလာခန်းမကြီးက အဖြူရောင် ကာလာများခြယ်သထားပြီး မီးရောင်တွေကလည်း တဖိတ်ဖိတ်။
ခန်းမရဲ့ အနီရောင်ကောဇောတစ်လျှောက် ချစ်စဖွယ်နတ်သားလေးအလား သတို့သားငယ်လေးကလျှောက်လှမ်းလာစဉ် တစ်ဖက်က ကောဇောအနီအဆုံးမှာတော့ အဖြူ‌ေရာင်သတို့သားတစ်ယောက်က ရင်ခုန်စိတ်လှုပ်ရှားစွာစောင့်ကြိုနေလေရဲ့။
သူတို့နှစ်ဦးသားရဲ့ ရင်ခုန်သံတွေဟာလည်းထပ်တူညီနေလေရဲ့။
ပရိသတ်အပေါင်းရဲ့ အားကျဖွယ် ကြည်နူးဖွယ်အကြည့်တို့ဆုံရာ ဘုံလူသားလေးနှစ်ယောက်ပေါ့ကွယ်။

သီချင်းသံလေးဟာ တဖြည်းဖြည်းတိုးသွားသည့်အလျောက် သတို့သားငယ်လေးဟာ တစ်ဖက်သတို့သားဆီသို့ရောက်ရှိခဲ့ပြီ။

နှစ်ဦးသားမျက်နှာချင်းဆိုင်ရာကတော့ တည်ကြည်လှတဲ့ ဖာသာတစ်ဦးဆီသို့။

ဖာသာရဲ့ လက်ဆက်ပေးမှုအားခံယူပြီးနောက် နှစ်ဦးသားလက်များ၌ ဆင်တူလက်စွပ်လေးကနေရာယူခဲ့ပြီ။

(သာသာ မင်ဂလာဆောင်ရင်ပြောတဲ့ဟာတွေ မသိလို့ကျော်တယ်နော်😅)

လက်စွပ်လေးတွေအသီးသီးနေရာယူပြီးနောက် ပရိသတ်ရဲ့ဆူညံသံတွေထွင်ပေါ်လာခဲ့တယ်။

" Kiss kiss kiss"

လှုံဆော်မှုများကြောင့် သတို့သားလေးနှစ်ယောက်မှာ ရင်ခုန်သံတွေဝုန်းဒိုင်းကျဲလို့။
နောက်ဆုံးအကြည့်ချင်းဖလှယ်ပြီးးနောက် နှုတ်ခမ်းသားနှစ်ခုဟာထပ်တူကျခဲ့ပါတော့သည်။
.
.
ခန်းမထဲနှုတ်ဆက်ချိန်မှာတော့ အဆိုးလေးကရိပေါ်နဲ့ ခဏဘဲအတူလိုက်နှုတ်ဆက်တယ်။ ပြီးကျတော့ သူညောင်းနေပါပြိတဲ့။
ဒါနဲ့ ရိပေါ်လည်း အဆိုးလေးပင်ပန်းတာမကြည့်ရက်တော့ သူဘဲလိုက်နှုတ်ဆက်ရတာပေါ့။ ကလေးပေါက်ကတော့ စားပွဲဝိုင်းတွေကရှိသမျှမုန့်တွေကိုလိုက်ယူစားလေရဲ့။ရိပေါ်လည်းစိတ်ချမ်းသာရင်ပြိးရောဆိုပြီးလွှတ်ထားကာ ရှယ်ရာရှင်မိတ်ဆွေအချို့နဲ့စကားပြောလေရဲ့။

"Mr Wang တို့ကတော့ အကောင်းလေးမှရွေးယူတတ်တာဘဲနော်။ တကယ့်ကိုနုနုငယ်ငယ်လေး"

My Little Bad Boy 💖💖Tempat cerita menjadi hidup. Temukan sekarang