Xz:"လူကြီးးး အဟင့် "
Yb:" ကလေးလေးဘာဖြစ်လို့လဲ"
ညပိုင်း အလုပ်စာပွဲမှာ laptop တစ်လုံးနဲ့အလုပ်ရှုပ်နေတဲ့ရိပေါ်နားကိုတုတ်တုတ်တုတ်တုတ်နဲ့ရောက်လာတဲ့ ပိစိကမျက်နှာမှာမျက်ရည်လေးတွေကပ်လို့။
ရိပေါ်စိတ်ပူလို့ထမယ်ကြံတော့
Xz:" လူကြီးးးးအဟင့် "
ဟော ကလေးလေးကဘာဖြစ်လို့လဲမသိ။ ချက်ချင်းဘဲထိုင်နေတဲ့ရိပေါ်ပေါင်ပေါ်ခွကာ ရင်ခွင်ထဲခေါင်းလေးမှီလေရဲ့။
Yb:" ကလေးလေး ဘာဖြစ်လို့လဲ။ ဟမ် ကိုယ့်ကိုပြောလေ"
Xz:" သားရဲ့ဗိုက်ထဲကနေလို့မကောင်းဖူးး အဟင့်။"
Yb:" အာ အိမ်သာသွားချင်လို့လား ထကိုယ်လိုက်ပို့မယ်"
ထိုသို့ပြောတော့ခေါင်းကိုရမ်းခါကာ မျက်ရည်လေးဝဲနှုတ်ခမ်းလေးထော်ပြီး
Xz:" ဟင့်အင်းဟင့်အင်းးး မသွားချင်ဖူးးး။ ဟင့် သားဗိုက်ထဲကဘယ်လိုကြိးလဲမသိဖူးး အဟင့်အဟင့် ဗိုက်ကြီးနေသလိုကြီးးးးးးးအဟင့်"
ထိုအခါမှရိပေါ်သဘောပေါက်တော့တယ်။ကလေးပေါက်ကဒီနေ့အစားတွေအရမ်းစားပြီး အစာမကျေဖြစ်နေတာကို။ ပိစိကတော့လေ အစာမကျေတာကိုမပြောတတ်လို့ ဗိုက်ကြီးနေတာတဲ့။ တကယ်ပါဘဲကွယ်။
ရိပေါ်တစ်ချက်ပြုံးလိုက်မိတော့
Xz:"အမ်းးး လူကြီးက သားနေမကောင်းတာကိုပြုံးတယ်းး လူကြီးမကောင်းဖူးးးးအဟင့်"
ရိပေါ်သူ့အတွေးနဲ့သူပြုံးမိတာကို ကလေးပေါက်ကမြင်သွားရင် ထငိုတော့သည်။
Yb:" အယ် မငိုနဲ့မငိုနဲ့ ကိုယ်ကပိစိပြောတာကို သဘောကျလို့ပါ"
Xz:" ဟင့် ဘာပြောလို့လဲ "
Yb:". ဗိုက်ကြီးတယ်ဆိုတာလေ"
ရိပေါ်ေပြာလိုက်တော့ကလေးပေါက်ကမျက်လုံးလေးကိုအပေါ်ကိုကြည့်ပြီးစဉ်းစားနေလေရဲ့ ။သူပြောတာဘာမှားလို့လဲပေါ့။
Xz:" ဟွန်ဟုတ်တယ်လေ ။ဗိုက်ကြီးက လေးးးပြီး အထဲမှာပြည့်နေတာ ဗိုက်ကြီးသလိုဘဲခံစားရလို့လေ"
KAMU SEDANG MEMBACA
My Little Bad Boy 💖💖
Fiksi Penggemar💖My Little Bad Boy💖 (လူကြီးရဲ့အဆိုးလေး) Intro!! "လူကြီးအပေါ် ဆိုးချင်တာက ကျွန်တော့ဝါသနာဖြစ်နေတယ်🫣။ ဆိုးတာလေးကိုဘဲသည်းခံပြီးချစ်ပေးပါခင်ဗျားရယ်...😊" (Xiao Zhan,Xz)❤️ "မင်းလေးဆိုးသမျှကို ကိုယ်ကအသည်းယားနေသူပါ။😊 စိတ်ရှိတိုင်းဆိုးပြီးရင် ကိုယ့်ချစ်တ...
