အပိုင်း (၁၆)

Ξεκινήστε από την αρχή
                                    

ရင်ခွင်ထဲတွင်မှေးစက်နေသည့်သူလေးအား ငုံ့ကြည့်ကာ ၀မ်ရိပေါ်ဟာလည်း စိတ်မကောင်း။ ၀မ်းပန်းတနည်းငိုကျွေးနေပုံလေးက သူ့ရင်ဘက်ထဲတွင် တဆစ်ဆစ်နှင့် ထို့ကြောင့် သူဟာ ထိုခန္ဓာကိုယ်လေးကို ပို၍တိုးလို့ဖက်ရင်း သူကိုယ်တိုင်ပင်မသိလိုက်ဘဲ နှဖူးထက် အနမ်းလေးတစ်ပွင့်ခြွေမိလိုက်သည်။

အိမ်တော်မှ ပါလာကြသည့်တချို့ကလည်း သူတို့သခင်လေး၏ အကိုလေးရှောင်းအပေါ် အပြုအမူတို့အားကြည့်ရင်း တချို့အရာတို့အား နားလည်သဘောပေါက်သွားကြပါတော့သည်။ ညီအကိုတွေလို အရမ်းခင်ကြတာဘဲဟု ငယ်ငယ်ကလို ဖြည့်တွေးလို့မရနိုင်စွာ သူတို့သခင်လေးဟာ တော်တော်ကိုဖြစ်နေသည်လေ။ ရင်ခွင်ထဲက အကိုလေးရှောင်းအား ကြွေကျသွားမှာဆိုးသည့်အလား တယုတယဖြင့် နှဖူးလေးနမ်းလိုက်၊ ခေါင်းလေးပွတ်လိုက်ဖြင့် အကြည့်တွေကလည်း သိပ်ကိုနူးညံ့ကာ အကိုလေးရှောင်း မျက်နှာကနေမခွာတော့။

ဒါ့အပြင် အကိုလေးရှောင်း၏ လည်တိုင်တွင် နီရဲကာ ညိုပုတ်နေသည့် အကွက်လေးများကလည်း မပြောလျှင်တောင် သဘောပေါက်နိုင်သည့်အနေအထားပင်။ ၀တ်ထားသည့်အင်္ကျီကလည်း အကိုလေးရှောင်းနှင့် size တော်တော်ကြီးနေကာ ဘယ်သူ့အင်္ကျီမှန်းလည်း သိသာလှစွာ။

ထို့အပြင် မနေ့က သခင်လေးကသူတို့အား အိမ်မကြီးဘက်မလာခိုင်းသည်အထိ အကုန်ဆက်စပ်ပြီးတွေးကြည့်ရလျှင်......

ဆက်၍တောင်မတွေးနိုင်တော့။

အကိုလေးရှောင်းလို မျက်နှာလေးချိုကာ လိမ္မာရေးခြားလည်းရှိပြီး ထက်မြက်သည့်ကောင်လေးနှင့် သူတို့သခင်လေးက မလိုက်ဖက်စရာ ဘာအကြောင်းမှ မရှိသော်လည်း ခက်တာက သခင်ကြီးသာသိရင် အကုန်မိုးမီးလောင်ကုန်တော့မှာဘဲ။

_____________

ခရီးစဉ်ဟာ ရှည်လျားလွန်းသည်ကြောင့် ရှောင်းကျန့်တို့ရောက်ချိန်တွင် ရှောင်းကျန့်ဒေါ်လေးအား မီးသဂြိုလ်သည့်အချိန်နှင့် ကွက်တိဖြစ်သွားလေတော့သည်။

၀မ်သခင်ကြီးဟာလည်း မျက်နှာမကောင်းစွာ။ ရှောင်းကျန့်ကတော့ ၀မ်ရိပေါ်၏ ရင်ခွင်ထဲတွင် အလူးအလဲဖြင့်။ ၀မ်ရိပေါ်ဟာလည်း ရုန်းကန်နေသည့်ခန္ဓာကိုယ်လေးအား သူ့ရင်ခွင်ထဲကနေ လုံးကအထွက်မခံပေ။

My Bed Player 🚨Όπου ζουν οι ιστορίες. Ανακάλυψε τώρα