Unicode

1.1K 105 4
                                    

⚠️ bully scenes !!

⚠️ Marking scences !!

.
.
.
.
.
.
.
.

" ယန်း​ဂျောင်ဝန်း ​နှေး​​ကွေး​နေတာမျိုးလုပ်မ​နေဘဲ မြန်မြန်သာထုတ်ပေးစမ်းပါ "

နံရံပြင်ကြီးတွင်ကပ်​နေ​သော
​ကျောပြင်ငယ်​လေးသည်
တသိမ့်သိမ့်တုန်​နေခဲ့သလို
မျက်လုံး​တွေမှာလည်း ဂနာငြိမ်မ​နေခဲ့။

သူ့အ​ရှေ့တွင် ဝိုင်းအုံ​နေကြတဲ့
​ကျောင်းသားသုံး​ယောက်မှာ
​ဂျောင်ဝန်းဆီက တစ်စုံတစ်ခုအား
ခြိမ်း​ခြောက်​ပြီး တောင်းဆို​နေသည်။

​ဂျောင်ဝန်းသည် ​ခေါင်းကိုငုံ့နိုင်သမျှငုံ့ထားရင်း သူ၏လက်ထဲက အိတ်​လေးအား တင်းကျပ်​နေ​အောင် ဆုပ်ကိုင်ထားလျက်။ အသံရယ်လို့ ပြုရယ်မလုပ်ခဲ့​ပေမယ့် ​ဂျောင်ဝန်းငယ်ရဲ့ခန္ဓာကိုယ်ဟာ အလွန်မှ​ကြောက်​နေဟန် သိသာလွန်းလှပါသည်။

" ယန်း​ဂျောင်ဝန်း အသားမနာချင်ရင် အခုချက်ချင်းပဲ ငါတို့ကို​ပေးလိုက် နားလည်လား ဟမ် "

​ခေါင်းအတွင်တွင်ခါရမ်းပြလာတဲ့ အမူအရာ​ကြောင့် ခြိမ်း​ခြောက်သူထိုကျောင်းသားမှာ စိတ်မရှည်​တော့ဟန် ​သူ၏​ဘေးမှနှစ်​ယောက်အား အတင်းလုယက်ဖို့အချက်ပြလိုက်​လေ​တော့သည်။ ရုန်းရင်းဆန်ခက်ဖြစ်​နေခဲ့​​ပေမယ့် သူတို့ကိုဘယ်သူ့မှလာကူညီမည့်သူမရှိ။

​ဂျောင်ဝန်းငယ်သည် အခုထိလက်ထဲကအိတ်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားဆဲ။ အိတ်ထဲက ပိုက်ဆံ​တွေကို အလွယ်တကူ​ပေးလိုက်လို့မဖြစ်ဘူး သူ၏တစ်ဦးတည်း​သောကျန်ရှိ​နေသည့် ​သွေးသားအရင်းဖြစ်တဲ့ အဖွားဖြစ်သူရဲ့​ဆေးဖိုးအတွက်​ကြောင့်ပင်။ ​ဂျောင်ဝန်းသည် မိဘမဲ့တစ်​ယောက်ဖြစ်ပြီး နာမကျန်းဖြစ်​နေသည့်အဖွားဖြစ်သူနဲ့ ​နေထိုင်သည်။

သို့​ပေမယ့် မိဘမဲ့ဖြစ်သည့်အ​လျောက် ​ဂျောင်ဝန်းကို ​ကျောင်းမှာအနိုင်ကျင့်သည့်လူဟာ ခပ်များများ။ ယခုလည်း ​ဂျောင်ဝန်းကိုအမြဲအနိုင်ကျင့်​နေသည့်​​ကျောင်းသား​တွေက ပိုက်ဆံအတင်းလု​နေကြတာဖြစ်တယ်။ အကယ်၍လည်း သူတို့လိုချင်သည့်ပိုက်ဆံသာရသွားခဲ့ရင်​တောင် ​ဂျောင်ဝန်းရဲ့အသားကိုမနာနာ​အောင် တစ်နည်းမဟုတ်တစ်နည်း ထိခိုက်​အောင်လုပ်သွားကြတတ်​သေးသည်။ ​ဂျောင်ဝန်းဘာမှပြန်မလုပ်နိုင်ခဲ့ပါ။

BITE ME √ [ 니키 X 정원 ]Where stories live. Discover now