part (1)

12 1 0
                                    

'ကလင် ကလင်'

ကျောင်းတက်ခေါင်းလောင်းတီးသည်နှင့်အမျှ ကျောင်းသားကျောင်းသူအပေါင်း မိမိ၏ကိုယ်စီ အတန်းများဆီ ပြေးလွှားကြသည်။

ထိုသူတို့ထဲမှာမှ ကျောင်းနောက်ကျတတ်တဲ့ သူတွေလည်းရှိတတ်ကြသေး၏။

^^^^^^^^^^^^^^^^^^^^^^^^^^^^^^

' အနာဂတ် ! အနာဂတ်! '

''ဟဲ့!ထတော့ နေဖင်ထိုးနေပြီ။ ညကျမအိပ်ဘူး မနက်ကျမထဘူး။ပြီးရင်ကျောင်းကနောက်ကျအုံးမယ်။''

"ဟူး"
အနာဂတ်တစ်ယောက်သက်ပြင်းများချလျက် အိပ်မှုန်စုတ်ဖွားဖြင့်ထ ထိုင်နေတော့သည်။

"အားးး!သေပြီ ဒီနေ့ငါအသင်းပဲ။"

ဟုဆိုလျက် ဝီရိယရှိသူ တို့အတိုင်း ကျောင်းဝတ်စုံများဝတ်ကာအမြန် အိမ်မှပြေးထွက်ခဲ့တော့သည်။

"အမေ.. သားကျောင်းသွားပြီ"

"ဟဲ့..ဟဲ့..နေအုံးလေ ထမင်းတော့စားသွားအုံး။ ဟော.. ဒီကလေးတစ်ယောက်တော့ ထမင်းမစားဘဲ ထွက်သွားပြန်ပြီ။"

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
လမ်းတစ်လျှောက်မှာ သောင်းသောင်းဖြဖြ ပွင့်နေတဲ့ စိန်ပန်းနီတွေ၊မြစိမ်းရောင်သစ်ရွက်တွေကြောင့် ရှမ်းပြည်နယ်ရဲ့ အလှက ပို၍ပင် ပေါ်လွှင်နေပါသည်။​​အေးမြတဲ့လေလေး တစ်ချက်အဝှေ့မှာ ကားတံခါးဘောင်ပေါ်ကို လက်တင်ကာမျက်လုံးများကို မျက်တောင်ရှည်မျာဖြင့် ပီရိစွာဖုံးဖိ၍ လျှိုဝှက်ထားသောညို့မျက်ဝန်းပိုင်ရှင် ကောင်လေးတစ်ယောက်ကို နေမင်းကြီးကတောင် သစ်ပင်ပန်းပွင့်များကြားကနေ မပျောက်တပျောက် မပွင့်တပွင့်နဲ့ ချောင်းကာကြည့်နေရပါသည်။

" တောပန်းကလေးများနဲ့ လှချင်တိုင်း လှနေပါတယ်..

လမ်းလေးကွေ့ကောက်ရာ ဘေးနှစ်ဖက်မှာ..

အဆင်းအတက်ခရီးဆက်လို့..ဖြတ်ကျော်ကာမြင်ကွင်းရှေ့မှာ...

တောင်ပြာတန်းတွေ ဆီးလို့ကာ...."

ထို နေခလောက်သည် အထိလှရက်သူလေးကတော့ သီချင်းလေးကိုနားဆင်ကာ အမူအရာမပျက် နေမြဲအတိုင်းပင်။

Trapped in friendzoneWhere stories live. Discover now