ဘာ့ကြောင့်များ သေဆုံးရမယ့်သူက သူမဟုတ်ဘဲ ကောင်လေးဖြစ်နေခဲ့ရတာလဲ.....
အားတင်းတင်းနဲ့သာ ပွေ့ဖက် လိုက်ရင် ကျိုးပဲ့သွားတော့မတတ်ပိန်ပါးနေတဲ့ ကောင်လေးကို ရီဇဲ ခပ်ဖွဖွလေး ပွေ့ဖက်ထားလိုက်တယ်......
ဆံပင်တွေကို ခပ်ဖွဖွပွတ်သပ်ပေးလိုက်ပြန်တော့လဲ ရောဂါအခြေနေကြောင့် ဆံပင်တွေ အထွေးလိုက် ကျွတ်ထွက်လာတယ်......
ညှိုးရော်လာမှုကို ဘယ်အရာကများ တားဆီးနိူင်မှာလဲ......
လက်ထဲက ဆံပင်အထွေးလိုက်ကြောင့် ရီဇဲရဲ့မျက်ဝန်းတွေထဲမှာ နာကျင်မှုတွေ ကြီးစိုးလာခဲ့တယ်......
ကောင်လေးရဲ့နှုတ်ခမ်းကို နမ်းလိုက်တယ်....ခြောက်သွေ့နေတဲ့ နှုတ်ခမ်းသားတွေက အရင်ကလို ချိုမြိန်လတ်ဆတ်နေဆဲပါပဲ.....
ဒါပေမယ့် ဒီချိုမြိန်မှုတွေထဲမှာ သေစေလောက်တဲ့ နာကျင်မှုတွေ ကိန်းဝပ်နေတယ်.......
ရှဲ့ဟယ် နိုးလာပေမယ့် ရီဇဲကို မျက်ဝန်းသေတွေနဲ့သာ ငေးကြည့်နေတယ်......
နာကျင်မှုကို အနိုင်နိုင်မြိုသိပ်ထားရတဲ့အတွက် ရီဇဲရဲ့လေသံက တိုးလျပြီးကြမ်းရှနေတယ်.....
" ကိုယ် အလုပ်ကိစ္စကြောင့် ခရီးထွက်ရမယ်....ဒီအတောအတွင်း ကျန်းဇီဟန် လာနေပေးလိမ့်မယ်....."
ရှဲ့ဟယ်ကိုကြည့်ရတာ အံ့သြနေပုံရတယ်.....
တကယ်ဆို ရှဲ့ဟယ်အနားမှာ ကျန်းဇီဟန်ကိို ရှိမနေစေချင်ခဲ့ပါဘူး.....နှစ်ဉီးသားရယ်ရယ်မောမော စကားပြောနေကြတာကိုမြင်တိုင်း ရူးလောက်အောင်မနာလိုဖြစ်ခဲ့မိတာတွေကို ဘယ်သူသိနိုင်မှာလဲ.....
ဒါပေမယ့် ဆရာဝန်ပြောခဲ့တဲ့စကားတွေကြောင့် နာကျင်မှုကို မြိုသိပ်ထားရုံမှတပါး အခြားမရှိ.......
ဘာပဲဖြစ်ဖြစ်.... ကျန်းဇီဟန်သာဆို ကောင်လေးကို ပျော်ရွှင်အောင်လုပ်ပေးနိုင်မယ့်အပြင် ရောဂါသက်သာလာအောင် အကောင်းမြင်စိတ်တွေ မွေးပေးနိုင်တယ်......
ဒီလိုသာဆို သူနာကျင်ရတော့လည်း ဘာအရေးလဲ......
ကောင်လေးသာ သက်သာလာမယ်ဆို ဘယ်အရာကိုမဆို လုပ်ပေးဖို့ဆန္ဒရှိပါတယ်.......
YOU ARE READING
ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြားယောင်းခြင်းနည်းဗျူဟာ
General Fictionဝင်ဖတ်ကြည့်ပါ။အားမနာတမ်းဝေဖန်ပေးပါ။
CH 81
Start from the beginning