"မင်းသာ ဆေးရုံကို ခဏခဏမလာရင် လူနာအခြေနေပိုကောင်းလာလိမ့်မယ်.....လူနာကိုယ်တိုင်ကိုက အသက်ရှင်ချင်စိတ်မရှိဘူးဆို ငါတို့ဆရာဝန်တွေမပြောနဲ့ ဘုရားဆင်းကယ်ရင်တောင် ကယ်လို့မရဘူး......"
ဒီစကားတွေကြောင့် ရီဇဲ သွေးမရှိတော့သလို ဖြူဖျော့သွားခဲ့တယ်......
အဲ့အချိန်မှာ ရှဲ့ဟယ်ကတော့ အေးရာအေးကြောင်း 444 နဲ့စကားပြောနေခဲ့တယ်.....
[444: Hostတာ့တာ့...ရီဇဲရဲ့နှစ်သက်မှုတွေ တိုးမလာသေးဘူးနော်......( ⊙ o ⊙ )】
[ ရှဲ့ဟယ်: အလျင်လိုစရာမလိုပါဘူး....သူ့ကို စိတ်ငြိမ်အောင် အချိန်ပေးလိုက်ပါ....လောလောဆယ် ဖူဖူနဲ့ဟန်ဟန်ရဲ့ နှစ်သက်မှုတွေ တိုးအောင်အရင်လုပ်ရမယ်....ဒါမှ ပစ်မှတ်ရဲ့နှစ်သက်မှုပြည့်ရင် ဒီကမ္ဘာကနေ တစ်ခါတည်း ထွက်သွားလို့ရမှာ....]
[444: ဒါပေမယ့် ကြည့်ရတာ ရီဇဲကထွက်သွားမယ့်ပုံမပေါ်ဘူး.....ဟန်ဟန်နဲ့ဖူဖူတို့အတွက် ဘယ်လိုလုပ်အခွင့်ရေးရမှာလဲ....]
[ ရှဲ့ဟယ်:မပူနဲ့....ရီဇဲကို ထွက်သွားဖို့ တစ်ယောက်ယောက်က ဖိအားပေးလိမ့်မယ်.....]
ရှဲ့ဟယ်တစ်ယောက် 444နဲ့ စကားပြောပြီးတာနဲ့ အသစ်ထွက်တဲ့ ရုပ်ရှင်ကားသစ်တွေ ကြည့်ဖြစ်ခဲ့တယ်....systemမှာ အသစ်ထွက်တဲ့စစ်ကားတွေ သိပ်ကောင်းတာပဲ......
ရီဇဲကတော့ ဆရာဝန်တွေနဲ့ တွေ့ပြီးချိန်မှာ ရှဲ့ဟယ်ဆီကို လေးလံတဲ့ခြေလှမ်းတွေနဲ့ ပြန်လာခဲ့တယ်.....ရှဲ့ဟယ်
လူနာကုတင်ပေါ်မှာ အေးချမ်းစွာ အိပ်စက်နေပေမယ့် ရီဇဲကတော့ သောကဝေနေခဲ့ရှာတယ်......ကောင်လေး ပိန်သွားပေမယ့် မျက်နှာလေးကတော့ ရောဂါအရှိန်ကြောင့် ရောင်ရမ်းနေတယ်....အခုလို အိပ်စက်နေပုံလေးက အချိန်မရွေးလူ့လောကထဲက ထွက်ခွာသွားတော့မလိုပဲ.....
သူ့အဖြစ်က ချစ်ရသူရဲ့ သက်တမ်းကုန်ဆုံးမှုကို နေ့နေ့ညည ထိုင်ကြည့်နေရသူတစ်ယောက်လိုပါပဲ......
ကောင်လေးကို ကယ်တင်နိုင်ဖို့ လုပ်နိုင်သမျှ အကုန်လုပ်ခဲ့ပေမယ့်လည်း အရာမထင်ခဲ့ဘူး.....ဒီခံစားချက်က နှလုံးသားကို အပိုင်းပိုင်းအစစ ဖြစ်အောင် ဆုတ်ဖြဲနေသလိုပါပဲ....သူ့ဖြစ်က သေချင်လောက်အောင်နာကျင်နေရပေမယ့် သေခွင့်မရှိသူတစ်ယောက်သဖွယ်.........
YOU ARE READING
ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြားယောင်းခြင်းနည်းဗျူဟာ
General Fictionဝင်ဖတ်ကြည့်ပါ။အားမနာတမ်းဝေဖန်ပေးပါ။
CH 81
Start from the beginning