အခန်း [ 81 ] : ~ အ​သေးအဖွဲများ ~

4.3K 622 0
                                    

 

Unicode

ညစာစားပြီးတဲ့နောက် ကျောက်ကျန်းအန်းက ကျုံးဇစ်ချီကို ချစ်တာ​ကြောင့် စားပွဲကိုရှင်းလင်းပြီး ဟင်းပွဲ​တွေသိမ်းဖို့ တာဝန်ကို သူပဲ လွှဲယူလိုက်သည်။ 

"ကျန်းအန်း​ရေ, ငါလည်း မင်းကို ကူညီမယ်" ရှန်အားမူက ထပြီး ​ကျောက်ကျန်းအန်းရဲ့နောက်က​နေလိုက်ကာ မီးဖိုချောင်ထဲဝင်လာ​လေသည်။ 

"အဖွား, ကျွန်​တော့် ကို ကူညီစရာ မလိုပါဘူးဗျာ, ကျွန်​တော် လုပ်နိုင်ပါတယ် " ကျောက်ကျန်းအန်းက ရှန်အားမူရဲ့လက်​တွေကို မကူညီဖို့ တားမြစ်လိုက်ရသည်။

"ကောင်းပါပြီ, ကျွန်​တော်မျိုးကိုပဲ လုပ်ခွင့်ပေးလိုက်ပါ​တော့!" အ​စေခံချုပ်က ပြုံးပြပြီး ​​ကျောက်ကျန်းအန်း အလုပ်​တွေကို ကူညီပေး​လေသည်။ 

"အားမူတို့ ဒီနေ့ဘာလို့ ဒီလိုဝတ်လာကြတာလဲ?"

​ကျောက်ကျန်းအန်းက ပန်းကန်ဆေးနေတုန်း ရှန်အားမူကို မေးလိုက်သည်။ ရှန်အားမူက ဇစ်ချီနဲ့ အဖေရှန်ကို ခဏလောက် အပြန်အလှန် ဆက်ဆံဖို့ အချိန်ပေးချင်တာကြောင့် မီးဖိုချောင်ကို လိုက်လာခဲ့တာမှန်း သူသိ​လေသည်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လိမ္မာပါးနပ်စွာနဲ့ သူ မမေးခဲ့ပါ​ပေ။ ထိုအစား ပဟေဋ္ဌိဖြစ်စေတဲ့ နောက်ထပ်မေးခွန်းတစ်ခုကိုသာ မေးခဲ့တာဖြစ်သည်။ ဒီနေ့ အဖေရှန်နဲ့ ရှန်အားမူ​ ရောက်လာတာနဲ့ပက်သကပြီး တစ်ခုခုမှားနေပြီဆိုတာ သူသတိထားမိ​လေသည်။ 

သူတို့ဝတ်ထားတဲ့အဝတ်အစားတွေက အထည်ကြမ်းဖြစ်တဲ့ လျှော်အထည်​တွေလို့​ပြောလို့မရ​ပေမယ့် အရင်ကလို အရည်အသွေးကောင်းတဲ့ ပိုးထည်တွေနဲ့ နှိုင်းယှဉ်ရင် ကွာခြားချက်က အရမ်းများလွန်း​လေ၏။ 

ဒါပေမယ့် ရှန်အားမူက​တော့ ဘာမှ မှားနေတယ်လို့ မထင်​ပေ၊ "ဒါက ဘယ်လိုလဲ, မင်းအဖိုးနဲ့ ငါ ဒီလို ဝတ်ထား​တော့ မင်းတို့နဲ့ မတူဘူးလား? ဒါကို ကျေးလက်ရဲ့ ဓလေ့ထုံးတမ်းတွေကို လိုက်နာတယ်လို့ ခေါ်တယ်, မင်းအဖိုးနဲ့ ငါက ရွှေငွေ​တွေ ဝတ်ပြီး လာလို့မဖြစ်ဘူးလို့ ဆွေးနွေးခဲ့တာ​လေ, ဒီမှာ အာရုံစိုက်တာ တော်တော်​လေး ခံရမှာစိုးလို့, ဒီလိုမျိုး ၀တ်ရင် ငါတို့က ကုန်သည်တွေဖြစ်ပြီး​တော့ ဆွေမျိုးတွေဆီ လာလည်တာလို့ပဲ လူတွေက အများစုက ထင်ကြလိမ့်မှာ​လေ ” ထိုစကားကို ပြောပြီးနောက် ရှန်အားမူက ကလေးတစ်ယောက်လိုပင် လှည့်ပတ်ပြ​လေသည်။ 

အရူးခင်ပွန်းနှင့် တူယှဥ်စုံတွဲနေထိုင်ခြင်း |Completed|Where stories live. Discover now