အခန်း [ 80 ] : ~ ​ရောက်လာကြပြီ ~

Start from the beginning
                                    

' ​လေညှင်းတိုက်ခတ်ပြီး, လှပတဲ့ ​နေ​ရောင်ခြည် ' လို့ တင်စားလို့ရတဲ့ ​နေ့တစ်​​နေ့မှာ နေရောင်က တောက်ပနေကာ ရာသီဥတုလည်း ​ကောင်းမွန်​နေ​လေသည်။ ချင်ရွှိုက်မြို့တောင်ဘက်ဆိပ်ကမ်းမှာ ဆိုက်ကပ်လာတဲ့ တောင်ပိုင်းမှ ခရီးသည်တင်သင်္ဘောတစ်စင်းရှိ​လေသည်။ 

သင်္ဘောပေါ်က လူ​တွေက တစ်ယောက်ပြီး တစ်ယောက် ဆင်းလာကြသည်။ ဆင်းလာတဲ့ နောက်ဆုံးခရီးသည်​တွေက အသက်လေးဆယ်ကျော် လူလတ်ပိုင်း စုံတွဲတစ်တွဲဖြစ်သည်။ သာမာန်အဝတ်အစားများကိုသာ ဝတ်ဆင်ထားကြ​လေသည်။ တစ်ဖက်မှာ​တော့ ထိုအမျိုးသားရဲ့ဖူလန်က အလွန်လှပပြီး သူ့အသက်အရွယ်အရ ဆွဲဆောင်မှုရှိနေဆဲဖြစ်​လေသည်။

သူတို့နောက်မှာ တခြားလူနှစ်ယောက်ပါလာ​သေး၏။ တစ်ယောက်က သူ့ရှေ့က လူနှစ်ယောက်နဲ့ အသက်အရွယ်တူတဲ့ အဘိုးကြီးတစ်ယောက်ဖြစ်ပြီး နောက်တစ်ယောက်က အသက်နှစ်ဆယ်ကျော်လောက်ရှိတဲ့ လူငယ်လေးတစ်ယောက်ဖြစ်​လေသည်။ 

အဓိကအားဖြင့် အသက်လေးဆယ်အရွယ် အားမူက အလွန်ထင်ရှားနေ​လေရာ ဖြတ်သွားဖြတ်လာ အများအပြားက သူတို့ကို ​ဆွေကြည့်​နေ့ကြ​လေသည်။

“သခင်ကြီးနဲ့ သခင်မ, အခု သခင်ငယ်လေးနဲ့ တခြားသူတွေက မြို့ထဲမှာရှိ မနေပါဘူး, သခင်ကြီးနဲ့ သခင်မ ကျေးဇူးပြုပြီး ဒီမှာ ခဏစောင့်​ပေးပါ, ဒီလက်အောက်ငယ်သားက ရထားလုံး ငှားယမ်းလာခဲ့ပါ့မယ် ” မျက်နှာအမူအရာကင်းမဲ့ပြီး သာမာန်ဆန်ပြီး သန်မာတဲ့လူကို ကျုံးဇစ်ချီနဲ့ တခြားသူ​တွေသာ ဒီမှာရှိ​နေပါက ဒီလူက ရှန်ယွီ​ပေ့ရဲ့ ယုံကြည်စိတ်ချရတဲ့ လက်ထောက်ဟုန်းယင်က လွဲပြီး အခြားသူမဟုတ်ကြောင်း သိလိမ့်မှာပင်။ 

[ Madam လို့ သုံးထားတာပါ, တစ်ခါတစ်​လေကျ မိန်းမ​တွေ မပါတဲ့ Novel ဆိုတာ​တောင် ​မေ့​​မေ့သွားမိတယ် ㅠㅡㅠ ] 

ဟုန်းယင်က သခင်ကြီးနဲ့ သခင်မလို့ ခေါ်တဲ့ လူနှစ်ယောက်ကလည်း ကျုံးဇစ်ချီရဲ့ အားမူဘက်က အဘိုးအဘွားတွေကလွဲလို့ တခြားသူ မရှိပါ​ချေ။ ရှည်လျားပြီး ခက်ခဲကြမ်းတမ်းသော ခရီးကို ဖြတ်သန်းခဲ့ပြီး နောက်ဆုံးမှာ​​တော့ သူတို့​တွေ ချင်ရွှိုက်မြို့ကို ရောက်လာခဲ့ကြ​လေပြီ။ 

အရူးခင်ပွန်းနှင့် တူယှဥ်စုံတွဲနေထိုင်ခြင်း |Completed|Where stories live. Discover now