အပိုင်း (၁၀)

Start from the beginning
                                    

ည 7နာရီလောက်အချိန်တွင် ၀မ်ရိပေါ်က အိပ်ခန်းထဲပြန်၀င်လာပြီး အိပ်မောကျနေသော ရှောင်းကျန့်ဘေးသို့သွားကာ...

*ရှောင်းကျန့်...ထတော့*

*အင်း....*

အအိပ်စက်သည့်ရှောင်းကျန့်က ခန္ဓာကိုယ်လေး ‌လူးလွန့်လာပြီး မျက်ခုံးတန်းလေးတွေတွန့်ချိုးလာသည်။ ဖြစ်နိုင်သည်က ခန္ဓာကိုယ်မှ နာကျင်မှုကြောင့်ထင်။

၀မ်ရိပေါ်က အိပ်ယာဘေး၀င်ထိုင်ကာ...

*ညစာစားမယ် ထတော့*

ထိုအခါရှောင်းကျန့်က မျက်လုံးအား လက်ဖဝါးသေးသေးလေး‌ေတွဖြင့်ပွတ်သပ်ကာ မျက်လုံးလေးများပွင့်လာပြီးနောက် အရင်ဆုံးမြင်လိုက်ရသည်က ၀မ်ရိပေါ်ကိုဖြစ်သည်။

ထို့နောက် သူ့လက်လေးတစ်ဖက်ကို ဆန့်ကာ သူ့အားဆွဲထူပါရန် အသံတိတ် ၀မ်ရိပေါ်ကိုပြောနေပါသည့်အလား...

ရှောင်းကျန့်ကတကယ် ဘာလေးလဲကွာ

၀မ်ရိပေါ်က ထိုလက်ကလေးကို ပြန်လည်ဆုပ်ကိုင်လိုက်တော့ ရှောင်းကျန့်က အိပ်ယာပေါ်ကနေ အားပြုကာ ထထိုင်လာပြီး..။

*ဗိုက်ဆာတယ်*

*အင်း...ခင်ဗျားထနိုင်လား?*

*ရတယ်*

ခန္ဓာကိုယ်အောက်ပိုင်းက နာကျင်နေပါသော်လည်း အားယူထလိုက်ချိန် ယိုင်နဲ့သွားသည့်ကိုယ်လေးကြောင့် ၀မ်ရိပေါ်ကပင် နောက်ကနေ ခါးလေးအား ထိန်းပေးလိုက်ရသည်။

*ကျုပ် အိပ်ခန်းထဲပဲ စားစရာယူခိုင်းလိုက်တော့မယ်*

*ရပါတယ်ဆိုနေ...မင်းဖယ်*

*ခင်ဗျား ဒီလောက်..*

*ငါက ရတယ်လို့ပြောနေတယ်လေ*

ပြောလည်းပြော သူဖက်ထားသည်ကိုရုန်းကာ အခန်းထဲကနေ ထွက်သွားသည့်ရှောင်းကျန့်နောက်သို့ ၀မ်ရိပေါ်က အမှီလိုက်ကာ လဲကျသွားလျင် ထိန်းဖမ်းပေးဖို့ နောက်ကနေ လက်တပြင်ပြင်ဖြစ်နေတော့သည်။

ထမင်းစားခန်းထဲမှ ခုံတွင်ထိုင်လိုက်တော့မှပဲ ၀မ်ရိပေါ်က သက်ပြင်းကိုမသိမသာချရင်း သူသည်လည်း ရှောင်းကျန့်ဘေးတွင်၀င်ထိုင်ကာ အဆင်သင့်ခူးပေးထားသည်များအား စားသောက်ဖို့ပြင်တော့သည်။

My Bed Player 🚨Where stories live. Discover now