အပိုင်း(၃)

Start from the beginning
                                    

မြင့်ရယ် မြတ်ရယ် လွင်ရယ် ဆိုတာ တက္ကသိုလ်ထဲက ချောချေအဖွဲ့လေးပေါ့လေ။ ဘာလို့ဆို သူတို့ကရုပ်ချောသလောက်ချေကြတာကိုး။သူတို့အဖွဲ့ကို အများခေါ်ကြတာကတော့ မြင့်မြတ်လွင်တဲ့။မြင့်ကLesbian ဖြစ်ပြီးတော့ လွင်က Bisexualပါ။ သူတို့ကြားထဲမှာညှပ်နေတဲ့ မြတ်ကတော့ Straightစစ်စစ်ကြီးပေါ့။

ဒီလိုနဲ့ညနေရောက်တော့
"အန်ကယ်တို့ သမီးနဲ့မြတ်ကိစ္စဆွေးနွေးချင်လို့လာခဲ့တာပါ"
"ဪ သမီးထိုင်လေ"
"အန်ကယ် သမီး မြတ်နဲ့လက်ထပ်လို့မရပါဘူး သမီးမှာက ရည်းစားရှိပါတယ် ကောင်လေးတစ်ယောက်ပါ မိဘချင်းကလည်းသဘောတူထားပြီးပြီဆိုတော့လေ အဲ့တာလာပြောပြတာပါ"
"ဒါများရပါတယ် သမီးရယ် ဒါပေမယ့် အန်ကယ်သဘောတူညီချက်တစ်ခုလောက်တောင်းဆိုပါရစေ"
"အန်ကယ့် သမီးကို ယောက်ျား‌လက်ထဲရောက်သွားရင်စိတ်မချဘူး။ သူတို့ကသစ္စာမရှိကြတာများတယ်။ မိန်းကလေးတွေက ဇနီးလိုရောသူငယ်ချင်းလိုရော မိခင်လိုရော နွေးထွေးကြင်နာမှုပေးနိုင်တယ်လေ။ အဲ့တာကြောင့် သမီးနဲ့သမီးရည်းစားလက်ထပ်ပြီးလို့ မိန်းကလေးမွေးလာခဲ့ရင် မြတ်နဲ့လက်ထပ်ပေးလို့ရမလား။ ဒါပေမယ့် သူတို့ကြားအချစ်ပါမှာလက်ထက်ပေးမှာပါ"
"အန်ကယ်ပြောတဲ့အကြံကလည်းအဆင်ပြေပါတယ် ကိစ္စမရှိပါဘူး သမီးဘက်ကကန့်ကွက်စရာမရှိပါဘူး"
"ဒါဆိုရင် ဒါက မိသားစုနှစ်ခုကြားထဲက သဘောတူညီမှု‌ပဲနော်"
"ဟုတ်ကဲ့ပါအန်ကယ် အခုသမီးကိစ္စလေးရှိလို့ သွားလိုက်ပါဦးမယ်"
"အေးကောင်းကောင်းသွားသမီး"
မြတ်လည်း သူမအဖေအား "ဒယ်ဒီကလည်း သမီးကိုဘာလို့ မိန်းမအတင်းပေးစားနေရတာလဲ ဒီကြားထဲသမီးမှာ ချစ်ရတဲ့သူရှိလာရင်ရော"
"အဲ့ခါကျရင်တော့လည်း အခြေအနေအရပေါ့သမီးရယ်" သို့ပေသော်ငြားလည်း မြတ်တစ်ယောက် အကြိုက်မတွေ့လို့ရည်းစားတစ်ယောက်မှမထားခဲ့ပါဘူး။ လွင်လည်း လက်ထပ်ပြီးသွားခဲ့သည်။ သူမရည်းစားကတော့ ဒေါက်တာအဖြစ်လုပ်ကိုင်‌‌နေပြီး လွင်နှင့်လည်းသူ၏အိမ်ထောင်ဦးစီးတာဝန်ကိုမပြတ်လစ်စေဘဲ သာယာသော အိမ်ထောင်တစ်ခုအဖြစ်တည်ဆောက်ထားလေသည်။တစ်နေ့မှာတော့ သူတို့သူငယ်ချင်း၂ယောက်အား လွင်မှ ပြောစရာရှိသည်ဟုဆိုကာ တွေ့နေကြကော်ဖီဆိုင်၌ချိန်းတွေ့လေသည်။
"ထိုင်ကြ ဒီမှာနင့်တို့အတွက် ကော်ဖီမှာထားပေးတယ်"
"ကယ်..ဆိုစမ်းပါဦးငါတို့ကိုခေါ်ရတဲ့အကြောင်းရင်းလေး"
"ဒီလိုဟ ငါ့ယောက်ျားကနယ်ဘက်မှာတာဝန်ကျတယ် အဲ့တာ ရန်ကုန်ကနေငါပြောင်းရတော့မယ်ဒါပေမယ့်မပူကြပါနဲ့ ငါပြန်လာမှာပါ ကံရှိရင်ငါ့ကလေးနဲ့မြတ် တကယ်ညားမှာပါ"
"နင်တော့နော် ကလေးကအထီးလားအမလားတောင်မသိသေးဘူး ပေးစားဖို့ကြီးပဲ"
"ကဲတော်ကြပါတော့ မြတ်နဲ့လွင် လွင်လည်း‌သွားစရာရှိတာ ဖြောင့်ဖြောင့်သွား ကံမကုန်ရင်ပြန်တွေ့ကြတာပေါ့"
ဒီလိုနဲ့ နှစ်တွေကြာညောင်းလာပြီး မြတ်သည်ပင် ၄၀ပြည့်သွားခဲ့လေပြီ
ထိုနေ့၌မြတ် "Shopping Mall တစ်ခု၌ဈေးဝယ်ထွက်နေရင်းအမျိုးသမီးတစ်ယောက်နှင့်တိုက်မိသွားသည်။
"ဒီမှာရှင့်အဆင်ပြေရဲ့လား"ဆိုပြီး လက်ကမ်းပေးကာမှ မော့ကြည့်လိုက်သော မျက်နှာကြောင့် အံ့ဩသွားလိုက်ရသည်။
"လွင် နင် လွင်သိမ်မွေ့မဟုတ်လား"
"အင်းနင်ရော "ဟေမာမြတ်" မဟုတ်လား"
"ဟုတ်တယ် ငါတို့ကရေစက်မကုန်သေးဘူးပဲဟ လာ ဆိုင်တစ်ဆိုင်မှာသွားထိုင်ကြပြီး စကားပြောကြတာပေါ့" အနီးနားရှိ စားသောက်ဆိုင်မှာပင် ၀င်ထိုင်လိုက်ကြပြီး
"ကဲ လွင်ဆိုစမ်းပါဦး ဘယ်တုန်းကပြန်ရောက်နေတာလဲ"
"တစ်နှစ်လောက်ပဲရှိသေးတယ်ဟ"
"ဪဒါနဲ့မေးပါဦးမယ် နင်ကသားမွေးထားတာလား သမီးမွေးထားတာလား"
"အခုသူက သမီးမဟုတ်သားမဟုတ်ပုံစံဟေ့"
"အမ် ဘာကြီး"
"ဪငါပြောတာက သူက Tomboy လိုဖြစ်နေတာ ဒါပေမယ့်လည်း မိန်းကလေးလို စကားပြောဆိုတယ် ဟိုမရောက်ဒီမရောက်လေးလေ"
"ဪ နားလည်ပြီ"
"ဒါနဲ့မြတ် အပျိုကြီးဖြစ်နေတုန်းလား"
"ဆိုပါတော့"
"သေချာတယ် ငါ့သမီးနဲ့ဖူးစာပါလာတာ"
"တော်တော့ကွာ မစနဲ‌တော့ နင့်သမီးကိုဖြင့် မြင်တောင်မမြင်ရသေးဘူး"
"အာ ဟုတ်သားပဲ လာမယ့်စနေကျရင် ကြိုက်တဲ့အချိန်လာခဲ့ ငါအားတယ် ရော့ ဒီမှာလိပ်စာနဲ့ဖုန်းနံပါတ်"
"အောင်မယ် နင်က ကုမ္ပဏီပိုင်ရှင်သူဌေးမကြီးတောင်ဖြစ်နေပြီပေါ့လေ"
"မမြှောက်ပါနဲ့ နင်တို့လောက်မချမ်းသာဘူးငါက ပြီးတော့ ဒီကုမ္ပဏီကို အကိုဆုံးပြီးကတည်းကငါထောင်ထားတာ"
"နင့်ဒေါက်တာ ဆုံးသွားတယ် ဘယ်တုန်းကလဲ"
"ငါ့သမီး ငါးနှစ်လောက်ကတည်းက car accident နဲ့ဆုံးတာ"
"ကြားရတာစိတ်မကောင်းပါဘူး လွင်ရယ်"
"ထားလိုက်ပါတော့ ဖြစ်သွားတာတွေကကြာနေပြီရယ်"
"အင်း ငါစနေနေ့ကြရင် နင့်အိမ်ကိုဆက်ဆက်လာခဲ့မယ်"
"အေးပါ ငါလည်းအခုမအားတော့ဘူး ချိန်းထားတာရှိနေလို့ လစ်လိုက်ဦးမယ်ဟေ့"
"ဟုတ်ပြီး ဂရုစိုက်သွား" ဒီလိုနဲ့စနေနေ့ကိုရောက်လာ‌တော့ လွင့်အိမ်ကိုသွားဖို့ပြင်ဆင်လိုက်တယ်။

တွေ့ကြုံကံ ဆုံခဲ့ခြင်းWhere stories live. Discover now