အပိုင်း(၃)

104 6 0
                                    

"မမြန်ပါဘူး ကလေးရယ် လာကြောက်နေရင် အန်တီ့လက်ကိုကိုင်ထား"
...........................................................................

ဒီလိုနဲ့ ထိန့်လန့်ခြင်းမြောက်မြားစွာဖြင့် အန်တီ့နောက်ပါသွားတော့သည်။
"ဝေမာ မေမေနဲ့ ဒယ်ဒီကိုသွားခေါ်ပေးဦး"
"ဟုတ် မမလေး" ခဏကြာတော့ အန်တီ၏မိဘဖြစ်ဟန်တူသော ထောင်ထောင်မောင်းမောင်း နိုင်ငံခြားသားတစ်ဦးနှင့် ယဉ်သော မိန်းမကြီးတစ်ဦး လှေကားပေါ်မှဆင်းလာကြသည်။ထိုနိုင်ငံခြားသားမှ ဆိုဖာပေါ်တွင်ထိုင်လိုက်ပြီး

"ဟေမာမြတ် နင်ဘာလာလုပ်တာလဲ နင်နဲ့ပေးစားမယ့်သူရှိတာကို နင်ဘာအချိုးချိုးလိုက်တာလဲ"
"ဟိုး..စိတ်လျှော့ပါဒယ်ဒီရယ် သမီးပြောပြပါ့မယ်" ထိုဦးလေးကြီးကမြန်မာလိုကိုပီသစွာပြောနိုင်သည်ကို ခင်ဖြင့်အံ့ဩမိသွားပါသည်။ ထိုအချိန်တွင်ပဲ ခင့်အမေမှာ ရုတ်တရက်ရောက်ချလာသည်။
"အမေဘာလာလုပ်တာလဲဟင်"
"‌ရှင်းစရာရှိတာတွေလာရှင်းတာ" ခင့်မှာ‌တော့သွားပါပြီး ဘာတွေဖြစ်နေကြတာလဲ? ငါတစ်ခုမှနားမလည်တော့ဘူး ကယ်ကြပါဦးဟာ
အန်တီ့အဖေမှ "ဟမ် သမီးတဲ့လား ဆောရီးပါကွာ ငါနားလည်ပြီ ဒါပေမယ့် ငါပြောစရာရှိတာဆက်ပြောရဦးမှာပဲ"
ဦးလေးမှ အမေအား "ဒီမှာ လွင်သိမ်မွေ့ မင်းသမီးနဲ့ ငါ့သမီးက ဘာတွေဖြစ်နေကြတာလဲ မင်းသိလား"
"သိပါတယ် အန်ကယ် ဒါကြောင့်လည်းရှင်းဖို့လာခဲ့တာပါ"
"အေးငါ့ဘက်ကတော့ နဂိုကတိအတိုင်းပဲ ဘာမှဆက်ပြောစရာမရှိဘူး"
"ကျွန်မလည်း အဲ့အတိုင်းပါပဲ အန်ကယ်" အန်တီ့အမေမှလည်း
"ကယ် ရှင်တို့တွေအတည်ပေါက်မနောက်နေကြနဲ့ နဂိုကတည်းက သဘောတူထားတာကို ဟိုကကလေးက ကြောက်နေရှာပြီး" ခင်လည်း
"အန်တီတို့အခုကသဘောတူတာလား မတူတာလားဟင် ဘာတွေပြောနေကြတာလဲ"

အန်တီ့အမေမှ
"ကယ်..ဒေါ်ဟေမာမြတ်ရေ ရှင့်ဟာရှင် ရှင်းပြလိုက်တော့ တို့တွေကတော့ အိမ်ပေါ်ထပ်မှာ သွားဆွေးနွေးလိုက်ဦးမယ်"
"ကြွကြပါရှင် ကြွကြပါ"

"အန်တီ"
"ကလေး"
နှစ်ယောက်လုံးပြိုင်ခေါ်မိကြ၍
"ကဲ ကလေးပဲအရင်ပြော"
"ဟို အရင်ကတည်းကသဘောတူတယ်ဆိုတာက ဘယ်လိုလဲဟင် နားမလည်လို့"
"ဪ ဒါက ဒီလို အန်တီပြောပြမယ်"
...........................................................................
လွန်ခဲ့သော နှစ် ၂၀ကျော်ခန့်က
တက္ကသိုလ်ထဲက အပင်ကြီးတစ်ခုအောက်တွင် သူငယ်ချင်းသုံးယောက် စကားဝိုင်းဖွဲ့နေကြလေရဲ့
"လွင် ငါ့မိဘတွေနင့်ကိုမျက်စိကျနေကြတယ် ငါနဲ့ပေးစားဖို့တဲ့"
"ဒါပေမယ့် ငါ့မှာရည်းစားရှိတယ်လေဟာ"
"ငါ့မိဘတွေကလည်း ဆန်းတာ ငါက ယောက်ျားရမယ့်သူမဟုတ်ဘူးတဲ့ မိန်းမပဲယူတဲ့ ငါ့အမေဆိုရင် ကျားဆို ခြင်ကျားတောင်မကောင်းဘူးတဲ့ သူယူထားတာယောက်ျားတော့မပါရှာပါဘူး"
မြင့်မှ "ဒါဆိုရင်နင့်ကိုသူတို့က Gayခိုင်းနေတာပေါ့။ ငါလည်းအဲ့လို မိဘမျိုးလိုချင်လိုက်တာ ငါ့မှာ Gay တာတောင် ကြိတ် Gay နေရတာအဆင်မပြေပါဘူး။"
"မပူနဲ့မြင့် နင့်မှာအချစ်စစ်နဲ့ချစ်ရတဲ့သူရှိလာရင် ရင်ဆိုင်နိုင်မှာ‌ပါ လွင့်ကိုပဲကြည့်လေ"
"ဟုတ်တယ်မြင့် ဒါနဲ့မြတ် ငါတို့တွေ ညနေကျရင် နင့်မိဘအိမ်သွားပြီ အကျိုးသင့်အကြောင်းသင့်ရှင်းပြရအောင်"
"အဲ့အကြံမဆိုးဘူးပဲ ငါတော့မလိုက်တော့ဘူးနော် လွင်နဲ့မြတ်ရေ ငါ့မှာကိစ္စလေးရှိလို့"

တွေ့ကြုံကံ ဆုံခဲ့ခြင်းWhere stories live. Discover now