အပိုင်း ၂၉

Start from the beginning
                                    

"ဒီနေ့ ဝူထုန် တရုတ်ဝတ်စုံကို ဝတ်စားထားပြီးထွက်လာခဲ့ပေမယ့် သူ့ဘေးမှာ ရပ်နေတဲ့သူက လုံခြုံရေးအစောင့်တစ်ယောက်လို ၀တ်ထားတာကိုပဲ ကြည့်လိုက်။ ဘယ်လောက်ရယ်စရာကောင်းလိုက်လဲ ” ဝူကျစ်ကျစ် ရယ်မောလိုက်သည်။  "ချင် မိသားစုရဲ့ အကြီးဆုံး သခင်လေးက သူမကို ဂရုမစိုက်ဘူးဆိုတာ တော်တော်ရှင်းနေတာပဲဟာ"

ဝူခိုင်က ဝူကျစ်ကျစ် မျက်နှာကိုကြည့်ပြီး သည်းမခံနိုင်တော့ဘဲ အမှတ်မထင်အော်လိုက်သည်။ "အစ်မ!"

“ထားလိုက်ပါတော့။ ပြန်ကြရအောင်"  ဝူကျစ်ကျစ် သူမ မိတ်ကပ်ဘူးလေးကို အိတ်ထဲ ပြန်ထည့်ကာ စားသောက်ဆိုင်ဆီ ပြန်သွားခဲ့သည်။  ဝူခိုင်က သူ့အစ်မနောက်ကနေ စားသောက်ဆိုင်ကို ပြန်လိုက်မသွားခင် နံရံကို ဖျတ်ခနဲ ကန်ပစ်လိုက်သည်။

ထိုအချိန်တွင် ညီအစ်ကိုနှစ်ယောက်က သန့်စင်ခန်းဘေးရှိ အရေးပေါ်တံခါးကို တွန်းဖွင့်လာခဲ့သည်။  ချင်ကောက  ဝူကျစ်ကျစ်နဲ့ ဝူခိုင်ရဲ့ နောက်ကျောကို စိုက်ကြည့်နေလိုက်သည်။  အနည်းငယ် အံ့အားသင့်သွားကာ မေးခဲ့သည်။ “ဒီကို ငါဒီလိုမျိုးဝတ်လာတာက… ငါ့မိန်းမကို ဂရုမစိုက်ဘူးဆိုတာ ပြနေတာလား”

"သူတို့စကားနားထောင်မနေနဲ့"  ချင်ဟွိုက်က သူ့မျက်လုံးတွေထဲ အေးစက်သောအကြည့်ဖြင့် ဝူကျစ်ကျစ်၏ အရှေ့ကိုဆက်သွားနေသည့်ပုံစံဆီ စိုက်ကြည့်နေခဲ့သည်။

"ချင်ဟွိုက်" ချင်ကောက ရုတ်တရက် ခေါ်လိုက်သည်။

ချင်ဟွိုက်က သူ့ကို အံ့ဩတဲ့ အကြည့်ဖြင့် ကြည့်လိုက်သည်။

"မင်း ဒီမိန်းကလေးကို မေတ္တာပြန်မပေးတာ ပိုကောင်းတယ်" ဟု ချင်ကော သတိပေးလိုက်သည်။ "အကယ်၍သူမက မင်းကို လက်ထပ်ပြီး ငါ့မိန်းမကို အနိုင်ကျင့်ခဲ့ရင် ငါ မင်းဖင်ကို ကန်ပစ်မယ်"

ချင်ဟွိုက် မျက်တောင်ခတ်လိုက်သည်။ သူ့အစ်ကို ပြောတာကို ကြားလိုက်တာက မှန်လားဆိုတာ သူ မသိဘူး။

ရေလှိုင်းတွေ ဘယ်လောက်ပဲ လှိုင်းထနေပါစေ၊ ဘယ်လောက်ပဲ ဒရာမာတွေ ဖြစ်ခဲ့ပါစေ၊ အနည်းဆုံးတော့ အဲ့တာက မျက်နှာပြင်အောက်မှာပင်။ ညစာစားပွဲကလည်း ပျော်ရွှင်စရာ မှတ်ချက်တစ်ခုနဲ့ ပြီးဆုံးသွားခဲ့ပြီ။ ဝူထုန်နဲ့ ချင်ကောတို့က ဝူထုန့် ဒုတိယဦးလေးရဲ့ မိသားစုကို အရင် အရင်ပြန်လွှတ်လိုက်ပြီး လက်ရှိတွင် မစ္စတာနဲ့ မစ္စစ် ချင်တို့ ထွက်ခွာသွားဖို့ စောင့်မျှော်နေကြသည်။

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now