My Little Bad Boy 💕 Part 17💕

Start from the beginning
                                        

YB:" ဘာ!!!မင်း မင်းအဲ့လိုပြောတယ်ဟလား။ ငါတောင်တန်ဖိုးထားလွန်းလို့ ကိုယ်ထိလက်ရောက်မပြောနဲ့ အဲ့လိုစကားတောင်မပြောဖူးးးးးကွ တောက်!!။ ဟိတ်ကောင်တွေ အဲ့ကောင်လျှာကိုရေနွေးပူလောင်းပစ်"

*မလုပ်ပါနဲ့ မ မလုပ်ပါနဲ့"
ပြောရင်းနဲ့ ပူလောင်ကအငွေ့ထနေတဲ့ ရေနွေးပူများဟာထိုလူလျှာပေါ်သို့

"အားးးးးးး!!!!!"

ထိုလူ‌သုံးရောက်မှာ တစ်ယောက်တစ်မျိုးဆီ ချိုတဲ့သွားကြပြီ။
ဒါဟာ ချစ်ရသူကို ထိမိသူ၏အကျိုးရလဒ် ပင်။

ရိပေါ်ဟာ သူ့ကလေးပေါက်အားဒဏ်ရာရ‌ေစတဲ့လူတိုင်းကို လွှတ်ပေးရိုးမရှိ။
သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိသည်ဟူသောအဆိုသည် ရိပေါ်ရဲ့ကလေးကိုထိမိသူသုံးယောက်ကကောင်းကောင်းကြီးသိသွားရပြီ။

ရိပေါ်ဟာ တိုက်ပျင်မှာပြုခဲ့သမျှနှင့် ဖြစ်ခဲ့သော မျက်နှာထားဟာ ဝမ်အိမ်တော်သို့အရောက် ပကတိပြောင်းလဲခဲ့သည်။
မကောင်းဆိုးဝါးအသွင်မျက်နှာထားဟာ ဝမ်အိမ်တော်အပေါ်ထပ်ခန်းသို့ရောက်သည်နှင့် ရုတ်ချီးပြောင်းလဲကာ နူးညံ့သောအသွင်သို့။

ရိပေါ် ချက်ချင်းဆိုသလို ဝမ်အိမ်တော်ရောက်သည်နှင့် ချစ်သဲညှာလေးဆီသို့အမြန်သွားခဲ့တယ်။
ကလေးပေါက်ဟာဖြင့် ‌အိပ်လို့ကောင်းတုန်း။
ရိပေါ် မသန့်ရှင်းသောခန္ဓာကိူယ်ကိုရေချိုးသန့်စင်ကာ
ကလေးပေါက်အားညစာစားရန်နှိုးရတော့သည်။

Yb:" ပိစိ ပိစိရေ ကိုယ့်ရဲ့ အသည်းလေးရေ ထတော့ကွယ် ညနေစောင်းပြီ။ ညစာစားရအောင်နော် ။"

ရိပေါ်ရဲ့နူးညံ့ထွေးပွေ့မှုကြောင့် ကလေးပေါက်ဟာအိပ်ရာကနေ အပျင်းကြောလေးဆန့်လိုက်လေရဲ့

Xz:" ဝှားး🥱အွန်းးးးအ့ ဟင့်ဟင့်"

အပျင်းကြောဆန့်ကောင်းတဲ့ကလေးဟာ ခြေထောက်နဲ့လက်ကအနာကိုသတိမထားမိ၍ထိမိလေပြီ။

ကလေးပေါက်ရဲ့ ညည်းသံအရ ရိပေါ်မှာပြာယာခတ်သွားတော့သည်

Yb:" အာ... ကလေးရယ်းး အနာရှိတယ်လေကွာ နာသွားပြီလား လာလာ ကိုယ်မှုတ်ပေးမယ်"

ရိပေါ်ဟာကလေးပေါက်ရဲ့ဒဏ်ရာများအပေါ် တယုတယလေးမှုတ်ပေးတော့ ကလေးပေါက်မှာသက်သာသွားရှာပြီ။

Xz:" ရပြီလူကြီး "

Yb:" ဟုတ်ပါပြီဗျားးး နာသေးလား"

Xz:" ဟင့်အင်း နာတော့ဝူး လူကြီးအချစ်တွေကြောင့် 🤭"

စကားတတ်လှတဲ့ထိုကလေးအားရိပေါ်အသည်းယားကာ နှုတ်ခမ်းလေးအား အနမ်းခြွေမိတော့သည်။

Yb:" ပြွတ် အတတ်ကလေး"

Xz:" ဟိဟိ🤭🤭"

Yb:" လာ ထမင်းသွားစားကြမယ်။ ကိုယ့်ပိစိလေး ဗိုက်ဆာရောပေါ့"

Xz:" ဟုတ် လူကြီး ချီ ချီ"

ချီဟုတကြော်ကြော်အော်ကာ ကုတင်ပေါ်ကနေထိုင်ရက်ကလေး လက်လေးကားပေးသူ။

Yb:" ဟုတ်ပါပြီဗျ"

ရိပေါ်လည်းမဆိုင်းမတွချီလိုက်လေရာ အလိုက်သင့်ပါလာသူလေး။

ထို့နောက် နှစ်ယောက်သားညစာတူတူစားတော့သည်။
ပြီးသည်နှင့် ရိပေါ် ကလေးပေါက်အနာကိုဆေးလိမ်းပေးကာဆေးတိုက်ပြီးသိပ်လိုက်တော့သည်။
ကလေးပေါက် အိပ်ပျော်မှသူလည်း အသည်းဆိုင်လေးအားရင်ခွင်ထဲထည့်လို့အိပ်စက်ခြင်းဆီသို့...

💕💕💕💕💕💕

သာသာနောကျသွာတယ် ။ သွေ့ပုချီ ပါဒါဒါတို့ရေ။
လူကြီး‌ေဒါသမြင်ပြီနော် ။ 👀👀 ယုန်ပေါက်လေးကိုထိဓားကြည့်ဘဲ

BJYX💕

My Little Bad Boy 💖💖Where stories live. Discover now