လုရွှမ်းက ခင်မင်ရင်းနှီးမှုအားဖော်ပြရန် သူနဲ့အတူ ရုပ်ပိုင်းဆိုင်ရာထိတွေ့ဖလှယ်မှုအမျိုးမျိုးလုပ်ရန် အလွန်စိတ်အားထက်သန်နေပုံရသည်။ လူသိမခံပဲတိတ်တိတ်လေးများ ဂေးနေတာလားဟူ၍သူသံသယဝင်ခဲ့ဖူးပေမယ့် လုရွှမ်းကဖြောင့်လွန်း၍ ဒီလိုအရာတွေကိုတောင်မတွေးမိလောက်ပေ။

ယဲ့ယောင်ကိုယ့်စိတ်ကိုယ်အလိုမလိုက်တော့ပဲ မျက်လုံးကိုအောက်စိုက်ချကာဆိုလေသည်။ "ဒါပေမယ့်ငါနည်းနည်းပင်ပန်းနေပြီ"

"ဒါဆိုလည်းထားလိုက်ပါတော့" လုရွှမ်းကသူ့ကိုသံသယမဝင်ပဲ ယဲ့ယောင်ရဲ့လည်ပင်းအနောက်ဘက်ကိုပွတ်သပ်လိုက်ကာ "ပြန်ပြီးရေချိုးအနားယူလိုက်၊ မင်းကိုမနှောင့်ယှက်ဘဲ တိတ်တိတ်ဆိတ်ဆိတ်ကစားလို့ရမယ့် ဂိမ်းတွေရှိလားငါကြည့်လိုက်မယ်"

***

ယဲ့ယောင်ရေချိုးခန်းထဲမှ ထွက်လာသည့်အခါ Wechatကနေသူ့အမေ အသံမက်ဆေ့ချ်ပို့ထားတာ မြင်လိုက်ရသည်။

ယဲ့ယောင်အမေရဲ့အသံကနူးညံ့ညင်သာစွာထွက်လာတယ် : 【ယောင်ယောင် အဲ့မှာရာသီဥတုကအေးလာပြီလား? အဝတ်တွေကိုသေချာနွေးနွေးထွေးထွေးဝတ်နော်။ အအေးမမိစေနဲ့။】

ယဲ့ယောင်ရဲ့မျက်ခုံးလေးတွေ ပြေလျော့သွားကာ : 【ဟုတ်ကဲ့ပါ မားရဲ့၊ စိတ်မပူပါနဲ့ ဒီမှာအားလုံးအဆင်ပြေပါတယ်】

သူ့အမေက မြန်ဆန်စွာစာပြန်လာလေတယ်။ : 【အဝတ်အစားတွေဝယ်ပြီးတော့ စားဖို့သောက်ဖို့ရောပိုက်ဆံလောက်ရဲ့လား? မလောက်ရင် အိမ်ကိုပြန်ပြောနော်၊ မားပိုက်ဆံလှမ်းပို့ပေးမယ်။ အခုဆိုအရင်ကထက် မိသားစုအခြေအနေကပိုကောင်းနေပြီဆိုတော့ အိမ်အတွက်ပိုက်ဆံချွေတာနေစရာမလိုဘူးနော်】

ယဲ့ယောင်လက်ထဲ ပညာသင်ဆုတစ်ခုရှိနေပြီး စားဖို့သောက်ဖို့စရိတ်စကလည်း ပြတ်တောက်မှုမရှိသေးပေ။ ဒါပေမယ့်သူဒီနေ့အဝတ်အစားဝယ်ဖို့ စျေးဝယ်ထွက်တာကို သူ့အမေကဘယ်လိုသိသွားတာလဲ?

ယဲ့ယောင်စိတ်ထဲ သံသယတစ်ချို့ဝင်လာကာ သူ့အမေရဲ့စိုးရိမ်မှုကိုတုံ့ပြန့်ရင်းနဲ့ ဒီမေးခွန်းကိုမေးလိုက်တယ်။

ရှောင်ပုန်းဖို့မကြိုးစားနဲ့ ⧼⧼ဘာသာပြန်⧽⧽Where stories live. Discover now