အပိုင်း ၂၂

Start from the beginning
                                    

၎င်းတို့၏ ကနဦး ပြုပြင်မွမ်းမံမှုမှချင်ကောရဲ့ လက်ရှိအခြေအနေနှင့် လိုက်လျောညီထွေဖြစ်မှုအထိ ချင် မိသားစုက စိတ်ပညာရှင်တွေဆီမှ အဆက်မပြတ် သတိပေးချက် ခံယူခဲ့ရသည်။ ချင်ကောက ဘယ်လို စားပွဲအမူအကျင့်ကိုမှ မသိတာ ဒါမှမဟုတ် ပို အံဝင်ခွင်ကျ မစားနိုင်ခြင်းကြောင့် မဟုတ်ဘဲ ၎င်းအရာအားလုံးကို ရင်ဆိုင်ဖြေရှင်းသည့် ယန္တရားတစ်ခုအဖြစ် လုပ်ဆောင်နေခြင်းသာ ဖြစ်သည်။

မစ္စစ် ချင်က သူမသား စိတ်ကောင်းနေ သည်ကို သတိပြုမိသဖြင့် “ ဘယ်သွားမလို့လဲ” လို့ မေးဖို့ ဆုံးဖြတ်လိုက်သည်။

"ကျွန်တော် ဝူထုန်နဲ့တွေ့ဖို့ အစီအစဉ်ဆွဲထားတယ်။ ပရိဘောဂတွေ သွားဝယ်မလို့" လူတိုင်းရဲ့မျက်နှာပေါ်က အံ့အားသင့်နေတဲ့ အကြည့်တွေကို လျစ်လျူရှုပြီး ဖေးဖေးကိုကြည့်လိုက်တော့ သူစားလို့ပြီးခါးနီပြီဆိုတာကိုတွေ့လိုက်ရသည်။  "စားပြီးပြီလား။ ပြီးသွားရင် အဖေ မင်းကို ဘောလုံးကစားဖို့ ခြံထဲကို ခေါ်သွားပေးမယ်"

ဖေးဖေးက နာခံစွာဖြင့် သူ့ထိုင်ခုံမှ ကိုယ့်ဘာသာခုန်ချခဲ့သည်။  သူ့ တုံ့ပြန်မှုက ထင်ရှားသည်။

ချင်ကောက ဖေးဖေးကို ပခုံးပေါ်တင်ပြီး ခြေလှမ်းကျယ်ကျယ်ဖြင့် တံခါးဆီ လျှောက်သွားခဲ့သည်။

မစ္စစ်ချင်က သူမသား ထမင်းစားခန်းထဲက ထွက်သွားတာကို စောင့်ဆိုင်းနေပြီး သူမဘေးနားက လူနှစ်ယောက်ဆီ ချက်ချင်း လှည့်ကြည့်လိုက်သည်။  "ချင်ကော တကယ်ပဲဝူထုန်နဲ့  ပရိဘောဂသွားဝယ်မယ်လို့ ပြောလိုက်တာလား"

“ဟုတ်တယ်၊ သူပြောလိုက်တယ် ”  မစ္စတာချင်က အခိုင်အမာ ခေါင်းညိတ်ခဲ့သည်။

"ဒါတကယ်လား ဒါမှမဟုတ် ခုနက ချင်ကော စိတ်ကောင်းနေသလိုပုံစံမျိုး လုပ်ခဲ့တာလား "

ချင်ကောက နေ့တိုင်း ပြုံးနေပေမယ့် ချင် မိသားစုကတော့ သူတကယ်ပျော်နေတာလား အတုလားဆိုတာ ခွဲခြားရခက်တယ်။ ထို့ကြောင့် မစ္စတာချင်က မည်သို့တုံ့ပြန်ရမလဲဆိုတာကို မသေချာခဲ့ပေ။

"ဒီနေ့တော့ စိတ်ကောင်းနေပုံရတယ်"  ဘေးနားမှာထိုင်နေတဲ့ ချင်ဟွိုက်က တုံ့ပြန်လိုက်သည်။  "အစ်ကို ပျော်နေတဲ့အချိန် ဖေးဖေးကို သူ့ပုခုံးပေါ်တင်ရတာ ကြိုက်တယ်"

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now