"သခင်မလေး... ကျွန်တော်တို့ ဒီလိုမျိုး မလုပ်သင့်ပါဘူး။ သခင်မလေး သိက္ခာထိခိုက်လိမ့်မယ်။ ကျွန်တော်က ကိုယ်ရံတော် ခေါင်းဆောင်ဆိုတဲ့ အဆင့်မှာပါ"

Taehyung သူမလက်ထဲက necktie ကို ပြန်ယူလိုက်ကာ ဝန်ထမ်း မိန်းကလေးလက်ထဲ ထည့်ပေးလိုက်ရတော့သည်။

Nari မျက်နှာက မှုန်ကုပ်သွားပြီး Taehyung ကို လှည့်ကြည့်လာ၏။

"Nari တို့က မကြာခင် စေ့စပ်ကြတော့မှာပဲလေ... Taehyung က ကိုယ်ရံတော် မဟုတ်ပါဘူး။ ပြီးတော့ ကိုယ့်ရဲ့ အိမ်ထောင်ဖက်ကို အမှတ်တရ လက်ဆောင် ဝယ်ပေးတာ ဘယ်မှာ သိက္ခာကျနိုင်ပါ့မလဲ"

သခင်မလေးက လက်မခံဘဲ ဝန်ထမ်း မိန်းကလေးလက်ထဲမှ တစ်ခုကို လက်ညှိုးထိုးပြသည်။

"အဲ့တစ်ခု ယူမယ်"

သခင်မလေးက necktie ပါသည့် အိတ်ကို ဆွဲထားရင်း ဆိုင်ထဲမှ ထွက်လာတော့သည်။

နောက်ထပ် တစ်နေရာက ယောက်ျားစီး ဖိနပ်တွေ ရှိနေသည့် နေရာ... အနောက်တိုင်း ဝတ်စုံတွေကို လိုက်ကြည့်ကာ Taehyung နဲ့ ကိုက်ကြည့်နေပြန်၏။

Taehyung သူမလက်ကို ဆွဲလိုက်ရင်း Mall ထဲမှ ထွက်လာခဲ့တော့သည်။ parking ဆီကို တန်းခေါ်သွားလိုက်ကာ ကားနားကို ခေါ်လာတော့သည်။

"သခင်မလေးကို ကျွန်တော် ရှင်းအောင် မပြောရသေးဘူး ထင်ပါတယ်။ ကျွန်တော်တို့ ဘယ်‌‌ေတာ့မှ စေ့စပ်ဖြစ်မှာ မဟုတ်ဘူး။ သခင်မလေးနဲ့ စေ့စပ်ဖို့ဆိုတာ အဖေက စီစဉ်ထားရုံပါ"

"Nari သိတယ်... Jeon Jungkook နဲ့ ချစ်သူတွေဆိုတာလည်း သိတယ်။ Taehyung ကို ချစ်လို့ ရှေ့ဆက်တိုးခဲ့တာ။ နောက်ဆုတ်ဖို့ မဟုတ်ဘဲ ပိုင်ဆိုင်နိုင်ဖို့လေ... Nari ကို စိတ်နာအောင် မလုပ်ပါနဲ့... ဘယ်သူ့ကိုမှ ထိခိုက်အောင် မလုပ်ချင်ဘူး"

သခင်မလေးက ကားထဲကို ဝင်လိုက်ကာ တံခါးကို ဆောင့်ပိတ်လိုက်တော့သည်။

Taehyung သက်ပြင်းတစ်ချက်သာ ချပြီး ကားထဲ လိုက်ဝင်ရ၏။

"အိမ်တော်ကိုပဲ ပြန်ကြတာပေါ့... ဖေဖေက ညစာကို အတူစာဖို့ စီစဉ်ထားတယ်။ Taehyung ကိုတော့ လူကြီးတစ်ယောက် ညစာဖိတ်တာကို ငြင်းတဲ့အထိ မရိုင်းစိုင်းဘူး ထင်တာပဲ"

Keep Your Eyes On Me [Completed]Where stories live. Discover now