Part 15

1.2K 165 14
                                    

Istanbul မြို့ဟောင်းဘက် မနက်ခင်းက သိပ်ပြီး တိတ်ဆိတ်လွန်းသည်တော့ မဟုတ်ပါဘူး။

သူတို့ တည်းနေသည့် Hotel က Blue Mosque ကိုလည်း လှမ်းမြင်နေရသည်မို့ ဘုရားရှိခိုးသံတွေက အနည်းငယ်တော့ ဆူဆူညံညံရယ်...

မနက်ခင်း ဘုရားစာရွတ်ဖတ်သံတွေကြောင့် ခေါင်းကို စိတ်ပျက်‌ေနသဖွယ် ထိုးဖွရင်း မျက်မှောင်ကြုပ်ကာ နာရီကို လှမ်းကြည့်‌မိတော့ ၈ နာရီခွဲနေပြီ။

မနေ့ညက သောက်စားပြီး ပြန်ရောက်တော့ ဘယ်အချိန်လဲတောင် သူမသိတော့...

ဘေးတစ်ဘက်မှ မိန်းကလေးတွေလည်း ဘယ်ဆီရောက်ကုန်သလဲတောင် မမှတ်မိ။

မျက်နှာသစ်ပြီးတော့ တန်းဝင်သွားသည်က မီးဖိုခန်းရယ်

ရေလည်းဆာနေပြီး ဗိုက်လည်း ဆာနေပြီမို့ အခုချိန် တစ်ခုခုတော့ စားလိုက်ရမှ အဆင်ပြေလိမ့်မည်။

မီးဖိုခန်းကို ရောက်တော့ ပေါင်လယ်အထိသာ ရှည်သည့် ဘောင်းဘီတိုတစ်ထည်ရယ်၊ ခေါင်းစွပ်အနွေးထည်ကြီးနဲ့ ဟင်းချက်နေသည့် ပိန်ပိန်ပါးပါး မိန်းကလေးတစ်ယောက်...

Jack ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားရင်း မီးဝင်းဝင်းတောက်တော့သည်။

ကြည့်ရတာတော့ မနက်စာ ပြင်ပေးဖို့ အချောအလှလေး တစ်ယောက်ကို hotel က လွှတ်လိုက်ပုံရသည်။

သူလိုက်ကြည့်နေသည်က သွယ်လျလျ ခြေတံကလေးနဲ့ ရှပ်တစ်ထည်နဲ့ ဖုံးထားသည့် လုံးဝိုင်းနေသည့် တင်ပါးကလေးပေါ့...

Jack တို့ မျက်နှာတစ်ခုလုံး ပြုံးဖြီးရင်း အနားကို တိုးကပ်သွားတော့ နှင်းဆီရနံ့သင်းနေသည့် shampoo နံ့ကလေး ရလိုက်သည်။

ညက သောက်ထားသည့် အရှိန်ကြောင့် မူးနောက်နေတာတွေတောင် ပျောက်သွားလေသည်။

အသံတိတ်ကလေးဖြင့် ထို မိန်းကလေးအနားကို တိုးကပ်သွားလေသည်။

အနားကို ရောက်တော့ ပိုပြီး ချိုအီနေသည့် နှင်းဆီရနံ့လေးကို ရှူရှိုက်ရင်း သူ့လက်တွေက ပိန်ပိန်ပါးပါး ခါးသေးသေးလေးဆီ လက်လှမ်းလေတော့သည်။

"ဟေး အသဲလေး... ကိုယ်ဘာတွေ ကူ.."

ပြုံးရွှင်ရွှင်ဖြင့် ထွက်လာသည့် သူ့စကားသံတွေတောင် အဆုံးမသတ်နိုင်တာက သူ့မေးရိုးကို ရောက်လာသည့် ချွန်ထက်ထက် ဓားသွားကြောင့်ရယ်...

Keep Your Eyes On Me [Completed]Tempat cerita menjadi hidup. Temukan sekarang