''ကိုယ်အရင်ထနှင့်တော့မယ် စာရင်းတွေနည်းနည်းပြန်စစ်စရာရှိသေးလို့ ''
နှစ်ပတ်လည်နေ့ရဲ့ထမင်းဝိုင်းဟာလည်းခြောက်ကပ်ကပ်ပါဘဲ။ဂျီဝွန်းဆိုတဲ့လူကသူ့ကိုချစ်ပေမဲ့အရမ်းကြီးချစ်ပြနေတတ်တာလည်းမဟုတ်ဘူး။
''ဟျောင်း တအားညမနက်စေနဲ့နော် ဟျောင်းပင်ပန်းမှာဆိုးလို့ပြောတာပါ ''
''ဟုတ်ပြီ ဖြည်းဖြည်းစားနော်မက်သရူးလေး ''
ဂျီဝွန်းမက်သရူးဘယ်ကပြန်လာလည်းသိပြီးသားဖြစ်သည်။သူ့ဆီရောက်လာနေကြဓာတ်ပုံတစ်ချို့ကခြောက်လတိုင်ကြာခဲ့ပြီ။ဒါပေမဲ့ဂျီဝွန်းထိုကိစ္စနဲ့ပတ်သတ်ပြီးမက်သရူးကိုပြသာနာမရှာခဲ့။မက်သရူးသူ့နားရှိရင်အဆင်ပြေပြီမို့လေ။မက်သရူးကိုသူစချစ်မိပုံကဆန်းကြယ်သည်။သူမက်သရူးကိုစတွေ့နဲ့နေ့ကတအားချစ်ဖို့ကောင်းနေတာလေ
ပီဇာဘူးတွေအများကြီးသယ်လာပြီးဓာတ်လှေကားစီးတော့အထပ်နှိပ်ဖို့လက်မအားနေတဲ့ကောင်လေးကိုသူကူညီပေးခဲ့သည်။ထိုကောင်လေးကသတိမထားမိသည့်တိုင်အောင်ဂျီအွန်းကတော့သေမတတ်ပင်စွဲလမ်းခဲ့ရသည်။အခုထိလည်းစွဲလမ်းနေတုန်းဘဲ။မက်သရူးဘယ်သူနဲ့ဘာတွေတွေဖြစ်ဖြစ်သူ့ဘက်ကလက်လွှတ်မှာမဟုတ်ဘူး။မက်သရူးကိုပိုင်ဆိုင်ခွင့်ရှိတာကကင်မ်ဂျီဝွန်းဆိုတဲ့သူတစ်ယောက်တည်းမို့။
__________________________
ရစ်ခီအနီရောင်ဝတ်စုံကိုပြောင်းဝတ်လိုက်ရင်းဖွေးအုကျော့ရှင်းနေပါသောလည်တိုင်ထက်ဆွဲကြိုးတစ်ခုဝတ်လို့လက်တစ်ဖက်မှာလည်းလက်စွပ်ကိုစွပ်လိုက်သည်။ဒီပစ္စည်းနှစ်ခုကသူ့အတွက်အရေးကြီးတဲ့ပစ္စည်းလေးတွေမို့သူသွားမဲ့နေရာနဲ့မဆိုင်ရင်တောင်ဝတ်ဖြစ်သည်။သူတိုက်ခန်းအောက်ရောက်တော့အင်္ကျီပို့ပေးလိုက်သူကကားပါပို့ပေးလိုက်တာမို့ရစ်ခီအဆင်သင့်လိုက်လာလိုက်သည်။
''ဗင်း!''
သူ့အသိဆရာဝန်တွေနဲ့နှုတ်ဆက်နေတဲ့ဂယူဗင်းအားသူလှမ်းခေါ်လိုက်တာနဲ့ချက်ချင်းပင်လှည့်ကြည့်လာသည်။မျက်နှာပေါ်မှာအပြုံးသေးသေးလေးတစ်ခုကိုလည်းတပ်ဆင်ထားပါသောဂယူဗင်းဟာရစ်ခီ့အတွက်တော့လက်မလွှတ်မချင်စရာအဖိုးတန်အရုပ်လေးလို။
YOU ARE READING
✨If Only✨
Fanfictionအညိုရောင်မျက်ဝန်းတွေကိုငေးကြည့်ချင်ခဲ့ရုံလေးပါ။ This is just a fanfiction, Nothing of there are real.
