~~~~~~~~~~

*ဟဲ့ ညည်း မိန်းကလေးဖြစ်ပြီး ဒီပုံစံဘဲနေတတ်တာလား *
*ဟာ အမေကလည်းဗျာ ယောကျာ်းလေးပါဆို‌ဗျာ *
*မိဆောင်းတခေတ် ခုချက်ချင်း မိန်းကလေး အဝတ်စား သွားလဲစမ်း *

သမီး တစ်ယောက် မွေးထားသည် ဆိုပေမယ့်
‌ယောကျာ်းလေးလိုချည်းသာ နေသည်။ တစ်မျိုးပြောရရင် ယောက်ကလျာ ပေါ့ ။
ဆံပင်ဆိုလည်း ဂုတ်တောင်မထိ ။အသက် 19 အရွယ် မျက်နာသေးသေး မျက်လုံးဝိုင်းဝိုင်း
နူတ်ခမ်း သေသေးလေးဖြင့် သိပ်ချစ်စရာကောင်းလှသည်။
10တန်းသာ အောင်ပြီးတယ် ခုထိ တက္ကသိုလ် တတ်ဖို့လည်းမစဉ်းစား
မိုးလင်းတာနဲ့ အပြင်ထွက်သွားပြီး ညမှသာ ပြန်လာလေ့ရှိသည်။
တကယ့်မနိုင်စိန်ပင်။အခုလည်း ဘာမှ ပြန်မပြောဘဲ အိတ်တစ်လုံးလွယ်ကာ ထွက်သွားပြီ ဖြစ်သည်။

~~~~~~~~~~~~~~~~
*ခေတ် ဒီနေ့ နောက်ကျတယ်နော် *
*ဟုတ်တယ်ကွာ ‌အမေပေါ့ မိုးလင်းတာနဲ့ ပေါက်ပေါက်ဖောက်နေတာ
မစောင့်နိုင်တော့လို့ အမြန်ထွက်လာတာ *
*ခစ်ခစ် တို့ တွေ ကုန်တိုက် ဈေးဝယ်ထွက်ကြမလား
သူငယ်ချင်းတေလည်း စုံပြီဆိုတော့ *
*ကောင်းတယ် သွားကြတာပေါ့ *
*ဒါနဲ့လေ ခေတ် နင်မိန်းကလေးလို နေကြည့်ဖို့ မစဉ်းစားကြည့်ဘူးလားဟင်
နင်မိန်းကလေးလိုဝတ်ရင်သိပ်လှမာ ရှိသင့်ရှိထိုက်တာတွေလည်းရှိနေတာဆိုတော့*
*ဟာ မဝတ်ချင်ပါဘူး အတိုးရာ *

သူ့ရင်ဘက်လေးကို လက်ဖြင့်အုပ်ကာ ရှက်ကိုးရှက်ကန်းဖြင့်မျက်နာလေးနီလေနေရဲ့.....ယောကျာ်းလေး 2ယောက် မိန်းကလေး 3ယောက်ရှိသည်။
ခေတ်ကတော့ သူ့ကိုယ်သူ ယောကျာ်းလေးဟုသာ ယူဆထားသည်။

~~~~~~~~~~
ဘုန်း ....အားး....

ကုန်တိုက်ထဲတွင် ရှေ့မကြည့်ဘဲပြေးရင်းလွှားရင်းဖြင့်
မျိုးစေ့ထုတ်တွေ မလာသော လူကြီးတစ်ယောက်ကိုတိုက်မိသွားလေသည်။
အဲ့လူရဲ့ လက်ထဲမှ မျိူးစေ့ထုတ်ကလည်း ကျကွဲကာ ပြန့်ကျဲကုန်သည်။

*ဟာ မင်းမမြင်ဘူးလားကွ လူတစ်ယောက်လုံးလာနေတာ
ပြာယာကိုခက်နေတာဘဲ*
*ဘာ ခများကြီး မြင်ရင် ရှောင်ပါလား တမင်ဝင်တိုက်တာမှမဟုတ်တာကို
လာမအော်နဲ့*
*မင်း မင်း ကွာ စွာစွာကိုလန်နေတာဘဲ မိန်းမလိုမိန်းမရနဲ့ *
*အား ခများကြီး လူကြီးဖြစ်ပြီး ကိုယ့်ထက်အငယ်ကို လိုက်တုနေရလား
ဘယ်လိုလူလည်မသိဘူး ဟွန့် သွားကြမယ်သူငယ်ချင်းတို့ *

ခများ ပိုင်တဲ့ ကောင်မလေး(Completed)Donde viven las historias. Descúbrelo ahora