ကယ်တင်ရှင်သေမင်း အပိုင်း ၁

Start from the beginning
                                    

      ရုတ်တရက် လမ်းထောင့်ချိုးနံရံအကွယ်တစ်ခုမှ
လူတစ်ယောက် ထွက်လာပြီး သူမရှိရာသို့တည့်
တည့်လျှောက်လာ၏။

       "ဟင်..."

      ဘာကြောင့်မှန်းမသိ ထိသူကိုမြင်လိုက်ရသည်
နှင့် အကြောက်တရားတို့ ရင်၌စိုးမိုးလာကာ
ထွက်ပြေးလိုစိတ်ဖြစ်လာမိသည်။ သို့သော်လည်း
အားအင် မရှိတော့သလိုဖြသ်နေ၍ သူမ၏ခြေလှမ်း
တို့က အတော်ပင် လေးလံနှေးကန်၍နေသည်။

     တစ်ကိုယ်လုံး အနက်ရောင်ဝတ်ဆင်ထားသော
ထိုသူက သူမနှင့်နီးသထက်နီးလာ၏။ ထိုသူ၏
ခန္ဓာကိုယ်မှ အနက်ရောင်အခိုးအငွေ့တို့ စိမ့်ထွက်
နေသည်ကို သူမမြင်နေရ၏။
      ထူးခြားသည်က ထိုသူ၏မျက်နှာကို ကောင်းစွာ
မမြင်ရဘဲ မျက်နှာနေရာမှာ မှုံမှိုင်းမှိုင်းဖြစ်နေကာ
အနက်ရောင် အငွေ့ပါးပါးလေးက ကာကွယ်၍
ထား၏။

      စုမွန်အလန့်တကြားနောက်ဆုတ်လိုက်မိသည်။
ထိုသူက အားအင်မရှိတော့သဖြင့် ပြေးလွှားနိုင်
ခြင်းမရှိသော စုမွန်နှင့် မလှမ်းမကမ်းတွင်သူမကို
ရပ်ကြည့်နေရင်း

         ""ဟား...ဟား...ဟား...
မင်းကို ငါပိုင်တယ်....""

        ထိုသူ၏ ခပ်အုပ်အုပ်ရယ်သံနှင့်စကားသံ
က သူမ၏နှလုံးသားကို ရေခဲတုံးနှင့် ကပ်လိုက်
သကဲ့သို့ အေးစိမ့်သော စိုးရွံ့မှုကို ပြင်းထန်စွာ
ခံစားလိုက်ရသည်။

        "ရှင်...ရှင်က ဘယ်သူလဲ...."

         ""ဟား...ဟား...ဟား...""

       အက်ကွဲကွဲ ခပ်အုပ်အုပ်အသံဖြင့် ထိုသူက
ရယ်လိုက်ရင်း သူမအနီးသို့ လျှက်တပြက်အတွင်း
ချက်ချင်းရောက်လာ၏။

       ဝှစ်...

        "အား!...အမလေး..."

        ဘုတ်...

         စုမွန် အလန့်တကြားနောက်ဆုတ်လိုက်
သည်တွင်ထိုင်လျှက် လဲကျသွားတော့သည်။
ထိုသူက သူမ၏အနီးမှအတော်ခပ်လှမ်းလှမ်းသို့
ရုတ်တရက်ရောက်ရှိသွားပြန်သည်။

      ဝှစ်....

      ထိုသူ၏ အနောက်ဘက်မှ အနက်ရောင်
အခိုးအငွေ့များ အလုံးလိုက်အရင်းလိုက်ထွက်ပေါ်
လာကာ အနက်ရောင်ကားကြီးတစ်စီး အဖြစ်
ရုတ်တရက် ပြောင်းလဲသွားတော့သည်။
      ထိုသူက ထိုအနက်ရောင်ကားကြီးအပေါ်သို့
အိနြေ္ဒရစွာပင် တက်လိုက်ပြီး တခါးကိုပြန်ပိတ်
လိုကကာ ဒရိုက်ဘာခုံတွင်ဝင်ထိုင်လိုက်၏။

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now