Episode 2💞

167 9 0
                                    

"ကဲ!ပြော!မင်းတို့က instruction ကိုသေချာလိုက်မကြည့်ဘူးလား?formula အတိုင်းသေချာ လုပ်ရမယ်ဆိုတာ နားမလည်ဘူးလား?မင်းတို့ အခုလိုလုပ်တော့ မင်းတို့ဆရာအတွက်လည်း မကောင်းဘူးပေါ့။"

သတိုးမွှေလိုက်တာ chemical ကအချိုးမကျတာမို့ အမြုပ်တွေထွက်လာပြီး သူတို့တဖွဲ့လုံးစည်းကမ်းထိန်းသိမ်းရေးရုံကို ရောက်လာတာဖြစ်သည်။

ကျောင်းအုပ်:"မင်းတို့မှားလား မမှားဘူးလား ပြော?"

မင်းသိုက်:"ဟုတ်ကဲ့...မှားပါတယ်ဗျ။"

သတိုး:"မမှားပါဘူး။"

ကျောင်းအုပ်:"ဘာကွ!"

မင်းသိုက်က "မှားပါတယ်"လို့ဖြေလိုက်ပေမဲ့..."မမှားပါဘူး"လို့ ထဖြေတဲ့ သတိုးအား အလင်္ကာတယောက် တံတောင်နဲ့တွတ်လိုက်သည်။ဟိုတယောက်က မျက်နှာတချက်မဲ့သွားပြီး...

သတိုး:"ဟုတ်ပါတယ် ဆရာကြီး...ကျနော်တို့ မမှားပါဘူး။"

ကျန်လေးယောက်ကတော့ ခေါင်းမဖော်နိုင်ပဲ တယောက်နဲ့တယောက် မျက်စပစ်နေကြသည်။ဒီကောင် ဘာတွေမွှေပြန်ပြီ လဲ မသိဘူး...

သတိုး:"ဒီမှာပါ...ကျနော်တို့ instruction အတိုင်းပဲလုပ်တာပါ။"

သူပြတဲ့ instruction စာရွက်ကို ယူကြည့်လိုက်တော့ (4) ဖြစ်နေမို့ ဆရာကြီးက တာဝန်ကျဆရာအား ကြည့်လိုက်သည်။အင်္လကာကတော့ သတိုးကို တချက်တို့ကာ မေးဆက်ပြတော့ သူက ခေါင်းခါရင်းသာ လက်ကာပြသည်။

ဆရာ:"ဒါမဖြစ်နိုင်ဘူး။ဒီကောင် ကလိမ်ကကျစ်ကျတာပဲ ဖြစ်မယ်။"

ကျောင်းအုပ်:"ဆရာမင်းလှိုင်...ကျနော့်အနေနဲ့ပြောရရင် ကလေးတွေကို ဒီလို စကားလုံးကြမ်းကြမ်းတွေ မသုံးစေချင်ဘူး။"

သတိုးကတော့ ချက်ချင်း ယုန်သူငယ်လေးလို မျက်နှာလေးငယ်ပြနေတာမို့ ဆရာမင်းလှိုင်းတယောက် အသဲတယားယားနဲ့ အောင့်သက်သက်ကြီးဖြစ်နေတော့သည်။

ဆရာ:"ဟုတ်ကဲ့ပါ ဆရာကြီး..."

ကျောင်းအုပ်:"Instruction စာရွက်မှာ ဘာလို့ဒီလို error တွေပါနေရတာလဲ?မဝေခင် စစ်ရမှာ ဆရာ့တာဝန်မဟုတ်လား?အခုက ကလေးတွေရှိတာမို့ ဆရာ့သိက္ခာကို ငဲ့ကွက်တဲ့ အနေနဲ့ ဘာမှမပြောတော့ပါဘူး။ညနေကျရင် ကျနော့်ရုံးခန်းကို လာခဲ့ပါ။"

My heartbeat 💓 Where stories live. Discover now