3

356 83 24
                                    

“မမလေး....ရောက်ပါပြီ”

စကားအဆုံး၌ ပွင့်ဟလာသော လိပ်ခုံးကားအနက်
ရောင်ပေါ်မှ အမျိုးသမီးတစ်ဦး။ ဒူး‌အထိဖုံးသော
အနက်ရောင် ကိုယ်ကျပ်ဂါဝန်အားဝတ်ဆင်ထားပြီး
ဂုတ်အထိရှည်သော ဆံနွယ်များအား ဒီဂျစ်တယ်
ကောက်ကောက်ထားသည်။ ခပ်မြင့်မြင့် ဒေါက်ဖိနပ်ဖြင့် ကားပေါ်မှဆင်းလာသော ခြေလှမ်းတွေသည်
ကြွကြွရွရွ ။

ကားတံခါးကိုအသံမြည်သည်အထိ ပိတ်လိုက်ပြီး
နောက် နေကာမျက်မှန်အား ချွတ်ကာ ၀တ်ထားသည့်
ဘလောက်စ့် ကြယ်သီး၌ ချိတ်လိုက်သော
အမျိုးသမီး.....။

သူမအရှေ့၌ မြင်နေသော သုံးထပ်တိုက်ကြီးအား
မော်ကြည့်ရင်း ခြံတံခါးဘဲလ်ကိုနှိပ်လိုက်သည်။

“ဘယ်သူလဲရှင့်”

“ငါပါ ကင်ဆော့ဂျင် မာမီ”

စကားဆုံးသည်နှင့် တံခါးပွင့်လာသည်။ ဖိနပ်မချွတ်
ဘဲ အိမ်ထဲကိုဝင်လာသည့် မာမီ့ကို ပြာပြာယာယာ
နူတ်ဆက်လာသည့် အစေခံတွေ။ မာမီကတော့
တစ်ချက်မှမကြည့်။ ရောက်လာရင် ထိုင်နေကျ
ဧည့်ခန်းထဲက ဆိုဖာရှိရာသို့ လျှောက်သွားလေသည်။

လက်ကိုင်အိတ်ကို ဆိုဖာပေါ်ပစ်တင်ကာ ဒေါက်ဖိနပ်
စီးထားသည့် ခြေ‌ထောက်သွယ်သွယ်လေးကို
ကျွန်းစားပွဲပေါ် တင်လိုက်ပုံဟာ အဆန်းတကြယ်။

“ဘယ်မလဲ....ငါ့သား”

ခပ်ပြတ်ပြတ်ထွက်ပေါ်လာတဲ့ အသံနောက် အိမ်ဖော်
မလေးများဟာ မလုံမလဲဖြင့် ခေါင်းငုံ့လာကြသည်။

“ဘယ်မလဲလို့!!! ငါ့သား!!!”

“ဟို....ဟို....သူဌေးက မြေအောက်ခန်းထဲ-”

“ဘာ!!!! ဒီခွေးမျိုးကများ ရာရာစစ!!!”

မောင်းဖြုတ်လိုက်သကဲ့လို့ ဒေါသတွေသည်ထိန်းချုပ်မရစွာ ပွင့်ထွက်သွားပြီး ဒေါက်ဖိနပ်သံ
လေးသည် မြေအောက်ခန်းရှိရာသို့ ဆူဆူညံညံ
ရောက်ရှိလာခဲ့သည်။

“သား!!! ဆော့ဂျင်!!! မာမီရောက်လာပြီ မပူနဲ့!!!
တံခါးသော့ပေးစမ်း!!! ဟဲ့!!! ပေးလို့ပြောနေတယ်!!!”

“သူဌေးက မပေးခိုင်း-"

“နင်တို့သူဌေးလည်း သောက်ဂရုမစိုက်ဘူး!!!။ငါပေးဆိုပေးလိုက်!!”

You've reached the end of published parts.

⏰ Last updated: May 14, 2023 ⏰

Add this story to your Library to get notified about new parts!

Jeon Where stories live. Discover now