1

809 115 29
                                    

၁၉၈၀ ခုနှစ်၊ ဂွမ်ဂျုမြို့။

တဂျုန်းဂျုန်းမြည်နေသော ရထားတွဲပေါ်၌ ဂျောင်ဂု
တို့ မိသားစု လိုက်ပါခဲ့ကြသည်။ မနက်လေးနာရီထဲမှ
စီးခဲ့ရသည့် ခရီးစဉ်ဖြစ်သောကြောင့် မေမေရော
ဖေဖေရော သူပါမကျန် တော်တော်ပင်ပန်းနေပြီ။
သူတို့နေတဲ့ ဒေသနှင့် ဂွမ်ဂျုဟာ အတော်ဝေးကွာ
သည်မို့ ခရီးသည် ရှည်ရှည်လျားလျား။

“ဂျောင်ဂု....ကြက်ဥလေးစားအုံး
ဗိုက်ဆာနေမယ် ”

“ကျေးဇူးဖေဖေ ”

ဖေဖေသည် ထောက်လှမ်းရေးသမားတစ်ယောက်
ဖြစ်ပြီး မေမေသည် သတင်းထောက်တစ်ယောက်။
နှစ်ယောက်စလုံး အစိုးရဆီမှာ အလုပ်လုပ်ကြပေမယ့် ဖေဖေနဲ့မေမေက အားလုံးနဲ့ကွဲထွက်နေလို့
ဘယ်ဌာနမှာမှ ကြာကြာမခံ။ မေမေသည် သတင်း
မဖုံးတတ်သူပီပီ ရသမျှသတင်းတွေကို အမှီလိုက်
တတ်သူမို့ အာဏာပိုင်များက မျက်မုန်းကျိုးနေသူ
တစ်ဦးဆိုလည်း မမှား။ ဖေဖေကတော့ အာဏာပိုင်
တွေရဲ့ ထောက်လှမ်းရေးသမားတစ်ယောက်ဆိုပေ
မယ့် မေမေ့ရဲ့ ကိစ္စများကြောင့် ဖေဖေလည်း ထိုကိစ္စ
များထဲမှ ကင်းသည်မဟုတ်.....။

သူကတော့ ထိုကဲ့သို့သော မိဘနှစ်ပါးထံမှ မွေးဖွား
လာခဲ့တဲ့ တစ်ဦးတည်းသော သား။ ငယ်ငယ်ထဲက
အပြောင်းအရွေ့ခဏခဏလုပ်ရသည်မို့ အိမ်အတည်
တကျရယ်လို့မရှိ။ သူငယ်ချင်းများလည်းမရှိသလို
အချိန်မရွေး မေမေတို့ရဲ့ပြဿာနာတွေထဲ သူ့ကိုဆွဲ
ထည့်မှာစိုးလို့ တစ်ခါတစ်လေ ပုန်းရှောင်ရတဲ့နေ့တွေ
ဆိုတာ အများကြီးမှ အများကြီးပါပဲ။

“မေမေ ...မရောက်သေးဘူးလား”

“ရောက်ခါနီးပြီ ကလေးရဲ့ .....ဟိုရောက်ရင်
မေမေနဲ့ဖေဖေက တက္ကသိုလ်ကို အလှည့်ကျလိုက်ပို့
မယ်နော် အရင်တစ်ခေါက်ကလို လူစိမ်းတွေ ကလေး
ဆီမလာအောင် ကာကွယ်ထားလို့ ဒီတစ်ခါတော့
စိတ်ချလက်ချ ကျောင်းတက်လို့ရပြီ”

“တကယ်လား မေမေ !! ဖေဖေရေ....မေမေပြောနေတာ တကယ်ပဲလား!!သားကိုပြောပါအုံး!”

အသက်၁၆နှစ်အရွယ် ပထမနှစ်တက်မည့်
တက္ကသိုလ်ကျောင်းသားလေးရဲ့ မျက်ဝန်းတွေက
အလှဆုံးနဲ့ အဖြူစင်ဆုံးပဲ။ ဖြတ်သန်းလာတဲ့
ဘ၀တစ်လျှောက်လုံးအတွက်ဆိုလည်း မမှားဘူး။

Jeon Where stories live. Discover now