ကလေးမလေး၏ပင်ကိုစိတ်ရင်းမှာ ရှုပ်ထွေးပွေလီနေသော မြို့ပြနှင့် ဆန့်ကျင်ဘက်ဖြစ်နေ၏။ တစ်ချက်ကြည့်လိုက်တာနှင့် အခုမှ မြို့ကို ရောက်ဖူးမှန်း ပြောနိုင်ပေ သည်။
“ဘယ်သူ့ကိုမှမစောင့်ပါဘူး။”
ဝူမြောင်မြောင်သည် ခေါင်းကိုယမ်းပြလိုက်ပြီး သူမလက်ထဲမှ လိပ်စာကို ပြလိုက်လေသည်။
“ကျွန်မ ဒီနေရာကို သွားမလို့ပါ။”
လုံခြုံရေးဦးလေးကြီးက မှတ်စုကို ယူပြီး ကြည့်လိုက်သည်။
“ချင်းဟူခရိုင်ပဲ ဒီနေရာက တော်တော်ဝေးတယ်။မြေအောက်ရထားကို တစ်နာရီကျော်လောက် စီးရတယ်…”
ဝူမြောင်မြောင်သည် သေချာ နားထောင်နေလေသည်။
“သမီးလေး ပင်လယ်ဈေးကို ပထမဆုံးရောက်ဖူးတာလား။”
“ဟုတ်ပါတယ်။”
ဝူမြောင်မြောင်သည် ကျိုးကျိုးနွံနွံဖြင့် ခေါင်းညိတ်လိုက်လေ၏။
“ဟိုင်ရှီမှာ သမီးအမျိုးတွေရှိတာလား။”
“ဟုတ် ရှိပါတယ်။” ဝူမြောင်မြောင်သည် မှတ်စုကို ပြရင်းပြောနေလေသည်။
“ဒါဆို သမီးအမျိုးတွေကို ဘာလို့ လာမခေါ်ခိုင်းတာလဲ။”
လုံခြုံရေးဦးလေးကြီးသည် စိတ်မပူဘဲ မနေနိုင်တော့ချေ။ဒီကလေးမလေးဟာ ရုပ်ရည်လည်းချောမောပြီး ရိုးအပုံရသည်။ထို့အပြင် ပင်လယ်မြို့သည် မကြာခင်ကမှ အမှုအခင်းဖြစ်ထားတာဖြစ်၏။
“ရထားက ညမှ ဆိုက်တာကို ဘာလို့ အမျိုးတွေက လာမကြိုကြတာလဲ။”
“သူက ကျွန်မလာမှာကို မသိပါဘူး။ကျွန်မကသာ သူ့ကို ဒီလာရှာတာပါ။” ဝူမြောင်မြောင်လည်း ရှင်းပြလိုက်သည်။
“ဒီနားမှာ အများသုံးဖုန်းတွေရှိတယ်။သူ့ကို ဖုန်းဆက်ပြီး လာကြိုခိုင်းလိုက်ပါလား။”
“ကျွန်မခေါ်ဖို့ကြိုးစားပြီးပါပြီ။သူ့ဖုန်းက ပိတ်ထားပါတယ်။” ဝူမြောင်မြောင် ပြန်ပြောလိုက်၏။
“အဲ့ဒီလိုလား…”
လုံခြုံရေးဦးလေးကြီးက စဉ်းစားပြီးပြောလိုက်သည်။
CITEȘTI
ကဝေမဒီလေး
Dragosteကဝေမဒီလေး ဒီnovelလေးကတော့ ချစ်ဖို့ကောင်းတဲ့novelလေးလို့ပြောရပါမယ်။ အချိုလေးတွေ စားချင်တဲ့သူတွေဆိုရင်တော့ ဒါလေးကိုဖတ်သင့်ပါတယ်ရှင့်။ 😍
အခန်း ၁ ။
Începe de la început