My Little Bad Boy 💕 Part 13💕

Start from the beginning
                                        

ဒေါက်ဒေါက်

ရိပေါ်အလုပ်လုပ်နေစဉ် တံခါးခေါက်သံကြားသည့်အတွက်

Yb:" ဝင်ခဲ့ပါ"

တံခါးအဖွင့်မှာတော့ ရောက်လာသူဟာ

WC:" Hi yibo .နင်ငါ့ကိုမေ့နေပြီလား။"

ဝမ်ချင်ဖြစ်လေတယ်။ ဝတ်လာပုံက စကတ်အနီတိုတို အပေါ်က ရင်ဟိုက်လက်တစ်လုံးကြိုးအင်ကိုမှ ကုတ်အနက်နဲ့။အောက်ကလည်း‌ေလးလက်မဒေါက်နီနီ။
အများအမြင်မှာ လုံးဝဆွဲဆောင်မှုရှိပေမယ့် ပိစိမျက်နှာတစ်ကမ္ဘာဖြစ်သောရိပေါ်အဖို့ မျက်လုံးထဲမတိုးပေ။

Yb:" အော် ဝမ်ချင် လာလေ"

WC:" ရိပေါ် တို့များနော် လူကိုမေ့ထားလေးသလားဘဲ။ ဟင်းဟင်း"

Yb:" အော် ငါအလုပ်လေးရှုပ်နေလို့ပါ"

WC:" အော် နင်အလုပ်ရှုပ်နေတာလား"

ပြောရင်းအိပ်နေသူပိစိထံလှည့်ကြည့်သော သူမရဲ့ပြောပုံနဲ့မျက်နှာထားကဘာအထာလဲ။

WC:". အလုပ်ရှုပ်တယ်ပြောပြီး ရိပေါ်က ရိပေါ်အမျိုးသားကို ခေါ်လာသေးတယ်နော်။သူကရှုပ်မနေဖူးလား"

Yb:" အော် ဒါလား ငါ့ကလေးပျင်းနေမှာစိုးလို့ပါ"

WC:" အာ ဒါနဲ့ရိပေါ် ။ဒီမှာကြည့် ငါလှရဲ့လား။"
ပြောရင်တစ်ပတ်လှည့်ပြတာကြောင့် ရိပေါ်မျက်နှာလွှဲ‌ေနရဲ့ သူမရဲ့ပေါင်သားများကမြသ်မကောင်းပေ။

Yb:"ဝမ်ချင် နင့်သူငယ်ချင်းဖြစ်တဲ့ငါက အရင်လိုလူလွတ်မဟုတ်တော့ဖူးနော် နင်အနေထိုင်ဆင်ခြင်သင့်တယ်။ "

WC :" ဟားး နင်ကလည်းးး ငါတို့နိုင်ငံခြားမှာတောင် တူတူသွားလာကြတာဘဲးး ဘာဖြစ်လဲးး"

ညုတုပြောရင်းအနားကပ်လာတဲ့ သူမကြောင့်ရိပေါ် စိတ်ရှုပ်မိတယ်။အရင်ကခင်မင်ခဲ့တဲ့သူငယ်ချင်းသံယောဇဉ်ကြောင့်မဟုတ်ရင် သူ သူမကိုဆွဲထုတ်မိလေမှာအမှန်။
ဒီလိုနဲ့ရိပေါ်အကျပ်ရိုက်နေချိန်မှာတော့

Xz:" လူကြီးးးး"

ဟော အသည်းသက်လေးနိုးလာပြီထင်တယ်။
ရိပေါ်လည်းကလေးပေါက်နိုးလာတာမြင်တော့ ရှေ့တွင်ရှိသောဝမ်ချင်ကိုကျော်ကာကလေးပေါက်ဆီအပြေးသွားမိတယ်။

My Little Bad Boy 💖💖Where stories live. Discover now