My Little Bad Boy 💕 Part 13💕

Mula dari awal
                                        

Yb:" အဟမ်း အားလုံးဘဲ ကျွန်တော်နောက်ကျသွားရတဲ့အတွက်တောင်းကန်ပါတယ်။အစည်းဝေးစကြရအောင်။"

အစည်းအဝေးခန်းထဲမှာတော့ ဆွေးနွေးသံတွေကို အာရုံစိုက်နားထောင်နေတဲ့ ဝန်ထမ်းတွေရှယ်ရာရှင်တွေနဲ့အတူ ထိပ်ဆုံးမှာတော့ တည်ကြည်တဲ့ CEOကထိုင်နေလေရဲ့။CEOရဲ့ဘေးချင်းကပ်ရဲ့ ပူနေတာကတော့ သူ့ရဲ့အသည်းအသက်ကလေးပေါ့။စရောက်တည်းက စားလိုက်တဲ့မုန့် ချသမျှအကုန်ကစ်တာဘဲ။
ရိပေါ်လည်း ခုမှသဘောပေါက်တော့တယ်။ကလေးပေါက်က အစည်းဝေးခန်းမှာ ဧည့်သည်တွေဧည့်ခံဖို့မုန့်ကျွေးတော့သူလည်းစားချင်လို့နေမယ်။ ဧည့်သည်တွေကိုကော်ဖီတစ်ခွက်မုန့်အနည်းငယ်သီးသန့်ချထားပေးရသော်လည်း ကလေးပေါက်ကတော့ ခုဆိုရင်ဘဲ ကော်ဖီကနှစ်ခွက်ကုန်တဲ့အပြင် မုန့်ကလည်းပလုတ်ပလောင်း။
အစည်းဝေးခန်းထဲကလူတွေကတော့ ကလေးပေါက်ကိုကြည့်ရင်းပြုံးစိစိ ဟိုကတော့ အေးဆေးစားနေတာ ထိုသူတွေကိုမရှိသည့်အလား။
ဒီလိုနဲ့ မုန့်တွေကုန်ခါနီးမှာ ကလေးပေါက်ကတဝှားဝှားသန်းလာလေပါပြီ။
မကြာလိုက်ပါဖူး လိုအပ်ချက်တွေရိပေါ်အာရုံစိုက်နေစဉ် သူ့ပုခုံးပေါ်ဘုတ်ဆိုပြီး တစ်ခုခုပြုတ်ကျသယောင်။
ငဲ့ကြည့်ချိန်မှာတော့ ဆံပသ်အုပ်အုပ်လေးနဲ့ခေါင်းလုံးလုံးလေး။

အော်းးသူ့အသည်းအသက်လေးအိပ်ပျော်သွားချေပြီလေ။
ဗိုက်တင်းသွားလို့ထင်တယ်။စက်တော်ခေါ်ရှာပြီ။
ရိပေါ်လည်းကလေးပေါက် အိပ်တာလည်းသိရော အစည်းဝေးကို အလျင်အမြန် နိဂုံးချုပ်ရတော့သည်။
ရှယ်ယာရှင်တွေကလည်းပြုံးစိစိ။
ရိပေါ်ကအားနာကြောင်းပြောလေ‌တော့ ပြန်ဖြေကြတာက

"ရပါတယ် ဗျားး Mr Wang ရဲ့ကလေးလေးကိုသာသေချာသိပ်လိုက်ပါ" တဲ့လေ

ရိပေါ်မှာရှက်ရှက်နဲ့အားနာနေတယ်
လို့ထင်လား ဝမ်ချေချေလေ သူ့ကလေးမျက်နှာတစ်ကမ္ဘာ
အကျိုးအကြောင်းပြောပြီးတာနဲ့ ကလေးပေါက်ကိုချီကာ သူ့ရုံးခန်းကိုအရင်ဆုံးထွက်သွားပါလေပြီ။

"CEO ကသူ့ခင်ပွန်းဆိုအရမ်းသဲတာဘဲ" ဆိုတဲ့ စကားတွေကကောလဟာလမဟုတ်ကြောင်း မျက်မြင်တွေ့သွားကြလေပြီ။
.
.
.
ခုဆိုရင်တော့ တောက်ပြောင်သန့်ရှင်းတဲ့အလုပ်စားပွဲမှာ
CEO Wang ကြီးဟာ laptop တစ်လုံးနဲ့အလုပ်ရှုပ်လေရဲ့။ တစ်ချက်ချက်မှာတော့ သူ့အသည်းအသက်လေးကို လှမ်းလှမ်းကြည့်ရပြန်တယ်။

My Little Bad Boy 💖💖Tempat di mana cerita hidup. Terokai sekarang