အခုလည်း စိတ်မကြည်တာမို့ သူဝိုင်းမှာ ကောင်းကောင်းတောင် မထိုင်ရသေးခင်မှာ သူမရဲ့ခပ်စွာစွာဆူသံက ထွက်ပေါ်လာသည်။

အလင်္ကာ:"နင်ဘာလို့ အဲ့လောက်နောက်ကျနေတာလဲ?..."

သတိုး:"နင်ကလည်းဟာ...ရောက်ရောက်ချင်း စောက်နဲ့ထွင်း။ဖင်တောင် မချရသေးဘူး...လေသံက ကြောက်တောင်ကြောက်တယ်။"

အလင်္ကာ:"အပိုတွေပြောမနေနဲ့!နင့်ကိုပဲ နေ့တိုင်းစောင့်နေရတယ်။"

သတိုး:"အလင်္ကာ...ငါ့ကိုပဲပြောမနေနဲ့။အခု ငါရောက်ပြီ ဟိုနှစ်ကောင်က မရောက်သေးဘူးမလား?"

အမြတ်:"အချိန်လေးဘာလေး နည်းနည်းကြည့်ပါဦးအေ~မင်းသိုက်နဲ့လင်းချိုက စားစရာတွေသွားယူနေတာ။"

သူက ခပ်တည်တည်နဲ့ သူနောက်ဆုံးမရောက်ဘူးဆိုတဲ့ သဘောနဲ့အပိုင်ပြောကာမှ အမြတ်စကားကြောင့် ဘေးကအလင်္ကာကိုကြည့်လိုက်တော့ သူ့ကို ခပ်စူးစူးကြည့်နေတာမို့ တံတွေးမြိုချလိုက်သည်။

သတိုး:"နင်တို့ကလည်းဟာ~ငါက ကျောင်းလာရင် နင်တို့လို ဖြစ်ကလပ်စမ်းလာလို့ မရဘူး...ငါ့ကို ကြည့်နေတဲ့ မိန်းကလေးတွေအများကြီးပဲ နည်းနည်းပါးပါးတော့ ပြင်ရတော့ပေါ့။"

အလင်္ကာ ပြန်ပြောမယ် လုပ်တုန်း စားစရာတွေနဲ့ရောက်လာပြီး စကားဖြတ်ပြောလိုက်တဲ့ လင်းချိုကြောင့် ရပ်သွားသည်။

လင်းချို:"ခေါင်ခိုက်ရောက်နေပြီလား?"

မင်းသိုက်နဲ့ လင်းချိုက အစားစာတွေထည့်ထားတဲ့ ဗန်းကြီးကိုင်ကာ ရောက်လာကြသည်။အားလုံးက စားဖို့ ပန်းကန်တွေဝိုင်းချနေပေမဲ့ သူကတော့ သူ့ကိုစိတ်ဆိုးနေတဲ့ အလင်္ကာကိုသာ ကြည့်နေမိတယ်။

အလင်္ကာ:"မစားတော့ဘူးလား?!"

သူမကို စိုက်ကြည့်နေတုန်း သူမက သူ့အရှေ့က ခေါက်ဆွဲပန်းကန်ချပေးပြီး မေးလာမှ သူအသိပြန်ဝင်လာရသည်။

သတိုး:"ဟင်?အေးပါ...စားမှာပါ။နင်ကလည်း လေသံလေးနည်းနည်းလျော့ပေးစမ်းပါ။"

မင်းသိုက်:"အလင်္ကာရာ အဲ့ကောင်နောက်ကျတိုင်း နင်စိတ်ဆိုးနေရတာ မမောသေးဘူးလား?"

My heartbeat 💓 Where stories live. Discover now