အပိုင်း၂၄

Start from the beginning
                                    

သူဥပဓိမောင်ကိုချီးကျူးပါသည်။အိမ်ကိုလဲအပိုင်သိမ်းလူကိုလဲအပိုင်သိမ်းနဲ့ဒီကောင်လေးကသိပ်ဇရှိတာ။တစ်ခါတလေဆိုအဲ့ကောင်လေးစိတ်ဆိုးမှာကိုသိပ်ကြောက်တာ...ဒါပေမဲ့ခွန်းရောင်ခြည်သူ့ရဲ့အားနည်းချက်ကိုသိသည်။အဲ့ကောင်လေးအားနည်းချက်ကသူသာ...သူမျက်ရည်ကျတာနဲ့ဘယ်လောက်စိတ်ဆိုးဆိုးပျောက်ပျယ်သွားတတ်သည်။

အို...အချစ်များထူးဆန်းလိုက်တာ။

" ဒီဇိုင်းကိုမြို့အုပ်ဘဲစီစဥ်လိုက်ပေါ့ နော့် ဟောဟိုမှာယောကျာ်းလေးစောင့်နေတာနဲ့တူတယ်ကွ အိမ်ထဲအရင်ဝင်နှင့်မယ်..."

" ဟုတ်ကဲ့ဦးလေး..."

ခြံလေးထဲဆွေးနွေးကာဝင်လာရင်းဒန်းလေးပေါ်မှာထိုင်နေသူကိုတွေ့တွေ့ချင်းဦးကောင်းစံကညွှန်ပြကာအိမ်ထဲအရင်ဝင်သွားလေသည်။

" လေတွေတိုက်နေတာကို အအေးပက်ပါအုံးမယ်အချစ်ရယ်.."

" လေညှင်းလေးခံတာဘဲဘာမှမဖြစ်ပါဘူး..."

" အဟက်!! သွားအဝတ်အစားသွားဝတ်ချေ..မောင်တို့အငြိမ့်ပွဲသွားကြည့်ကြမယ် လာ..."

ဥပဓိမောင်အပြောအားခွန်းရောင်ခြည်ခေါင်းလေးသာငြိမ့်ပြလို့အိမ်ထဲအတူဝင်လာလိုက်ကြသည်။ဝတ်စားဆင်ယင်ကာနှစ်ယောက်သားလမ်းလေးလျှောက်လို့အငြိမ့်ပွဲရှိရာကိုထွက်လာလိုက်ကြသည်။

အငြိမ့်ပွဲမို့လူတွေလဲစည် အရောင်းဆိုင်တွေကလဲစည်မို့လူတိုင်းရောက်လာတာနဲ့ပျော်ရွှင်ကြလေသည်။

" အင့်..."

" ဘာဖြစ်လို့လဲမောင့်ခြည်..."

လူကျပ်တာမို့ခွန်းရောင်ခြည်ကရုတ်တရက်ဥပဓိမောင်လက်မောင်းလေးအားလာဖက်တွယ်သလိုမျက်နှာလေးပျက်ကာကြည့်လာတာမို့အမေးထုတ်မိတော့နှုတ်ခမ်းလေးကိုက်ကာ။

" ကြောက်...ကြောက်တယ် "

ဟောဗျာ...ဒီလူသားလေးဟာသိပ်ကိုအနုအရွဆန်လွန်းပါသည်။

ဥပဓိမောင်နားလည်စွာသူလေးရဲ့ခါးသိမ်သိမ်ကိုပွေ့ဖက်လို့ပူးကပ်စေလိုက်ကာလူကျပ်တဲ့နေရာကနေအမြန်ဆုံးထွက်လာလိုက်သည်။စျေးတန်းဘက်လူစည်တာမို့သူစိမ်းကြောက်တတ်တဲ့ခွန်းရောင်ခြည်လန့်သွားရုံသာ။

နှလုံးသားရဲ့ အထူးဧည့်သည် ( complete ) Where stories live. Discover now