ချစ်သူတွေအချင်းချင်း ဘာတွေ လုပ်ပေးတတ်ကြသလဲ....ရှဲ့ဟယ် အခုလိုစိတ်ဆင်းရဲနေတာမျိုးကိုလည်း မကြည့်ရက်နိုင်တော့ဘူး....

အကယ်၍ သူ့ဘက်ကသာ ကောင်းကောင်းမွန်မွန်ဆက်ဆံပေးမယ်ဆို အဆင်ပြေလာနိုင်မလား......

ရီဇဲ ကောင်လေးကို ဈေးအကြီးဆုံးပစ္စည်းတွေချည်းပဲရောင်းတဲ့ Shopping mall တစ်ခုဆီခေါ်လာခဲ့တယ်....

" လိုချင်တာသာပြောလိုက်....အကုန်ဝယ်ပေးမယ်....."

အရင်တုန်းကဆို ပတ်သက်ဖူးသမျှ ပါတနာတိုင်းကို ငွေသာပုံပေးလိုက်ပြီး အခုလို ကိုယ်တိုင်ကိုယ်ကျ ဝယ်ခြမ်းပေးတာမျိုး တစ်ခါမှမလုပ်ပေးခဲ့ဖူးဘူး.....

ဒါပေမယ့် သူ့အပေါင်းအသင်းတွေကတော့ ပြောတယ်....ဒီလိုလုပ်ပေးတာက တစ်ဖက်လူကို ပိုပြီးပျော်ရွှင်စေတယ်တဲ့.....ဘယ်လိုပဲဖြစ်ဖြစ် အခုလို ဝယ်ခြမ်းပေးတာလောက်လေးက သူ့အတွက် ဘာမှဖြစ်မသွားစေဘူးလေ.....

ရှဲ့ဟယ်ကတော့ ဘာကိုမှ စိတ်ဝင်စားဟန်မပြဘဲ နောက်ကနေသာ ငြိမ်ငြိမ်လေး လိုက်လာခဲ့တယ်....

သူတို့ပုံစံကြည့်ရတာ သူစျေးဝယ်ထွက်တာကို ရီဇဲလိုက်လာပေးတဲ့ပုံနဲ့မတူဘဲ ရီဇဲ စျေးဝယ်ထွက်တာကို ရှဲ့ဟယ်က အဖော်လိုက်လာပေးနေတာနဲ့တူနေတယ်......

ဘာပဲ မေးလိုက် မေးလိုက်.....

" အဆင်ပြေပါတယ်....ခင်ဗျား သဘောကျရင်ပြီးတာပဲ....."ဟူ၍သာ ကြားနေတာကြောင့် ကူကယ်ရာမဲ့သလို ခံစားနေရတယ်......

အပြတ်အသတ်ကိုရှုံးနိမ့်နေခဲ့ပါပြီ.....ဒါတွေကို ဘယ်နည်းနဲ့မှ သည်းမခံနိုင်တော့တာကြောင့် စျေးမဝယ်တော့ဘဲ အိမ်ကိုသာပြန်လာခဲ့လိုက်တော့တယ်.....

အိမ်ပြန်ရောက်တာနဲ့ ရီဇဲက ရှဲ့ဟယ်ကို စာချုပ်တစ်ထပ်ကြီး ပေးခဲ့ပြန်တယ်.....

"မင်းကို တစ်ချိန်လုံး ငွေသားတွေချည်းပဲ ပေးနေရတာ သိပ်အဆင်မပြေဘူး....အဲ့တော့ တစ်ခါတည်း CEO ရာထူးပေးလိုက်တော့မယ်.....ကြိုက်တာရွေးလိုက်....ဒီကုမ္ပဏီတွေအကုန်အလုံး အလားအလာကောင်းကြတာတွေချည်းပဲဆိုတော့ လက်မှတ်ထိုးလိုက်ရုံပဲ...."

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာOpowieści tętniące życiem. Odkryj je teraz