အပိုင်း ၂၁

Start from the beginning
                                    

“အဲ့ဒါဆို သတိထားရမယ့် အကြောင်းရင်းက ပိုများတယ်။  အမြန်ဆုံး ဆေးရုံက ဆင်းနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်” ဝူထုန်က ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ "  သူက သူ့လက်ထဲက ချွေးတွေကို သုတ်ဖို့ ဝူထုန် ပေးလာတဲ့ တစ်ရှူးကို ယူပြီး မေးခဲ့သည်။ "အစ်မ၊ စောစောက အစ်မ တစ်ခုခုရှိလို့လား။ အစ်မ ဒီကိုလာတာ ခါတိုင်ထက်နောက်ကျနေလို့ "

“ဟုတ်တယ်”  ဝူထုန်က သူမ လက်ထပ်လိုက်တဲ့ သတင်းကို ဘယ်လိုပြောရင်ကောင်းမလဲလို့  တွေးတောရင်း အတွေးပျက်သွားခဲ့သည်။

တစ်ကယ်လို့ ဒီအိမ်ထောင်က ယာယီသာဆို သူမ အဲ့ဒါကို ဖုံးကွယ်ထားလိမ့်မည်။  ဒီအိမ်ထောင်ရေးက ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူးလို့ ဟန်ဆောင်နိုင်တယ်။  ဒါပေမယ့်လည်း ဝူထုန် ဒီကိစ္စကို မပြောခဲ့ပေ။  ဒါက ရေရှည်လက်ထပ်ခြင်းဖြစ်တာကြောင့် ဝူထုန်က ရှောင်ယွမ်ဆီကနေ အမြဲ ဖုံးကွယ်ထားနိုင်မှာမဟုတ်ပေ။

သူမ လက်ထပ်လိုက်ပြီဆိုတဲ့အကြောင်းပြောပြလိုက်ပါက သူမရဲ့ခင်ပွန်းသည်က ဘာလို့ သူ့ကို ဆေးရုံမှာလာမကြည့်တာလဲလို့ သူ တွေးလိမ့်မည်။  ရှောင်ယွမ်က ထက်မြက်တဲ့ ကောင်လေးတစ်ယောက်မို့ တစ်ခုခုဖြစ်နေပြီဆိုတာ သူခံစားမိလိမ့်မယ်။ နောက်ပြီး ချင်ကောက အတူတွဲကစားဖို့ ငြင်းဆိုနိုင်သည့် အလားအလာလည်း ရှိသေးသည်။

ငါဘာလုပ်သင့်လဲ?

"အစ်မ?  အစ်မ???"

"ဟင်?"  ဝူထုန်က သူမ အတွေးထဲမှ ရုန်းထွက်လိုက်သည်။

"အစ်မစိတ်ထဲ ဘာတွေတွေးနေတာလဲ။ အစ်မကိုခဏခဏခေါ်နေတာတောင် မကြားဘူး " ရှောင်ယွမ်က အလွန်စိုးရိမ်နေပုံရသည်။  "အစ်မ နောက်ကျတဲ့အထိ အလုပ်တွေ အလွန်အကျွံလုပ်နေတာလား"

"အစ်မ အဆင်ပြေပါတယ် "ဝူထုန်က သူမပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီး ထောင့်ရှိ ခုံတန်းလျားတစ်ခုကို ညွှန်ပြလိုက်သည်။  "ရှောင်ယွမ်၊ ဟိုမှာ သွားထိုင်ရအောင်"

ရှောင်ယွမ်က တစ်စုံတစ်ခု ဖြစ်နေတယ်လို့ ခံစားရသော်လည်း သူမစိတ်ထဲမှာဘာဖြစ်နေတာလဲဆိုတာကို ဘယ်လိုမေးရမယ်မှန်းမသိနေပေ။

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now