ƤAƦƬ ⑭

1.2K 59 6
                                    

Crystal မြင်းစီးကလပ်

ကျယ်ပြန့်သောကွင်းပြင်နှင့် စိမ်းလန်းနေသော ပတ်ဝန်းကျင်က သာယာလှပလွန်းနေ၏။ မြင်းစီးကလပ်၏ ထိပ်တန်းအဆောက်အဦအတွင်းမှ အဆင့်မြင့် ကြည့်စင်တစ်ခုတွင် စီးကရက်ကို မာန်ပါပါ သောက်သုံးကာ မြင်းကွင်းထဲမှ သင်တန်းသားများကို ကြည့်ရှူနေသော လူရွယ်တစ်ဦး။ ချောမွေ့လွန်းတဲ့အသားအရေက ထိုလူရွယ်၏ အသက်အရွယ်ကို ခန့်မှန်းလို့မရအောင် နုပျိုနေ၏။

အဖြူလိုင်းဖောက်ထားသော ဆံနွယ်တို့ကို နောက်လှန်ဖြီးထားသော ထိုလူရွယ်၏ ပျိုမျစ်သော မျက်နှာထားကိုတော့ ဘယ်သူမှကြည့်ခွင့်မရ။ မျက်လုံးနေရာသာ ဖော်ထားသော ရွှေရောင်မျက်နှာဖုံးတစ်ခုက ထိုလူရွယ်၏ အလှတရားတို့ကို ဖုံးကွယ်ထား၏။

ထိုလူရွယ်ကား ဒီနှစ်စီးပွားရေးလောကကို ကိုင်လှုပ်လိုက်တဲ့ Crystal လုပ်ငန်းစုရဲ့ ပဲ့ကိုင်ရှင် Drain ။ မကြာသေးတဲ့ကာလမှာပင် ထိပ်တန်းကုမ္ပဏီဆယ်ခုစာရင်းထဲဝင်သွားကာ အောင်မြင်လာသည့် Crystal လုပ်ငန်းစုကို အစောပိုင်းက မထီမဲ့မြင်ပြုကြသော်လည်း အခုချိန်မှာတော့ ရဲရဲမော်ကြည့်ရဲတဲ့သူတောင် မရှိ။

"သင်တန်းပြီးသွားတဲ့နောက် မြင်းစီးချင်တဲ့သူတွေ၊ လေ့ကျင့်ချင်သူတွေကို ကလပ်အဖွဲ့ဝင်အဖြစ် လက်ခံပေးသွားဖို့ ကျနော်တို့ စီစဉ်နေပါတယ်။ ကော်ဖီဆိုင်နှင့် ဘား ဆောက်လုပ်ပြီးစီးသွားတဲ့အခါ အသင်းဝင်ခွင့်လျှောက်လွှာတွေကို စပြီး လက်ခံဖို့ တိုင်ပင်ထားကြပါတယ်"

Drain အပြင်ကို လှမ်းကြည့်နေရင်း မြင်းစီးကလပ်မှ မန်နေဂျာတင်ပြသည်များကို နားထောင်နေ၏။ စီးကရက်မှ အငွေ့တို့ကို မှုတ်ထုတ်ရင်း မှန်ဘီလူးအသေးစားလေးအား ကောက်ယူကာ မျက်လုံးအနားတွင် ကပ်လိုက်၏။ ထို့နောက် ဩရှအေးစက်သော လေသံဖြင့်

"ကျွန်တော့်ရဲ့သင်တန်းသားတွေကို နိုင်ငံတကာအဆင့် ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်နိုင်တဲ့အထိ အရည်အချင်း ပြည့်ဝလာအောင် သင်ပေးချင်တယ်"

"စိတ်ချပါ ဘော့စ်။ ကျွန်တော်တို့ကြိုးစားပေးပါ့မယ်"

Drain စကားသံဆုံးသည်နှင့် မန်နေဂျာဆီမှ ကသိုက်ကရိုက်ထွက်လာသော အာမခံသံကြောင့် မျက်မှောင်ကျုံ့သွားမိ၏။

မျက်တော်ပြေ Where stories live. Discover now