Extra 5

599 39 0
                                    

Extra 5

နှစ်နာရီမျှ ဟိုလှိမ့်သည်လှိမ့်လုပ်ပြီးချိန်တွင် ကျိရှောင်ကျိုး အိပ်ရန်အရှုံးပေးလိုက်တော့သည်။ သူထရပ်လိုက်ကာ နောင်နောင်အိပ်ခန်းတံခါးသို့ သွားလိုက်သည်။ သူမမည်သူကို ကြိုက်သလဲဆိုသည်ကို မေးမြန်းရန် သွားလိုက်ခြင်းဖြစ်သော်လည်း သူတုံ့ဆိုင်းသွားပြီး လက်မြှောက်၍ တံခါးသာခေါက်ရန် ပြင်လိုက်သည်။ အဆုံးတွင် သူမအိပ်နေသည်ကို မနှောင့်ယှက်ချင်၍ လက်ပြန်ချလိုက်သည်။ စိတ်ရှုပ်ရှုပ်နှင့် သူ့ခေါင်းသူပွတ်ကာ အခန်းဆီပြန်လိုက်သည်။

သူ့ဖုန်းကိုဖွင့်၍ ဟို့ဇီ၏ဖုန်းနံပါတ်ကိုနှိပ်ကာ ဖုန်းခေါ်လိုက်သည်။ ဖုန်းကိုင်လိုက်သည်နှင့် ချက်ချင်း ပြောလိုက်သည်။

"ငါအိပ်မပျော်ဘူး... ငါနဲ့အတူတူ ဂိမ်းကစားပေး..."

အတင်းအကြပ်အနှိုးခံလိုက်ရသော ဟို့ဇီက ပြောလိုက်သည်။

"အစ်ကိုကျိုး အိပ်မပျော်ဘူးလား...."

"အင်း....."

ဟို့ဇီ စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။ သူအနည်းငယ် မူးဝေသွားပြီး စိတ်လှုပ်တရှား မတ်တတ်ရပ်လိုက်သည်။

"အစ်ကိုကျိုး... စိတ်မကျေမနပ်ဖြစ်နေတာလား... ဟီးဟီးဟီး..."

ကျိရှောင်ကျိုး၏ မျက်နှာ မဲမှောင်သွားသည်။

"သောက်ကျိုးနည်း... မင်းအဲ့လောက် အကျင့်မကောင်းကြောင်း ဘယ်သူသိလဲ... ငါကန်းနေတာပဲနေမှာ..."

သူဖုန်းကို ချက်ချင်း ချလိုက်သည်။

ဟို့ဇီ ဖုန်းကိုင်ထားရင်း နှာမှုတ်လိုက်သည်။
"သူက အရမ်းရှက်ပြီးဝန်မခံရဲတာပဲနေမှာ...ငါတို့ကယောက်ျားလေးတွေပဲလေ... ငါနားမလည်ဘူးများ ထင်နေတာလား... ဘာများရှက်စရာရှိလို့လဲ... ဟီးဟီး... ကြည့်ရတာတော့ ငါအိပ်မပျော် မဖြစ်အောင်လို့ အငယ်လေးကို ကြိုတင်ဖြေလျော့ထားရမယ် ထင်တယ်..."

နှစ်မိနစ်ကြာသောအခါ အိပ်မပျော်သေးသော ကျိရှောင်ကျိုးက ဟို့ဇီထံမှ ဗွီဒီယိုဖိုင်တစ်ခု ရလိုက်သည်။ ထိုဗွီဒီယိုကို 'အိပ်မပျော်ခြင်းကို ကုသနိုင်သည့် နတ်ဘုရားအဆင့် ပစ္စည်း' ဟုခေါ်သည်။

ဇနီးချောလေး (Completed)Where stories live. Discover now