76-80

1K 41 1
                                    

Part 76

ထန်ထန် ပြန်ရောက်လာသည်ကို ကြားသောအခါ တပ်ရင်းမှူးဇနီးက အလျင်အမြန် ရောက်လာခဲ့သည်။ သူမ ထန်ထန့်အား ပြောပြချင်သောစကား အများအပြားရှိလေသည်။ နောက်ဆုံး၌ ထန်ထန် ပြန်ရောက်လာပြီ ဖြစ်သည်။

သို့သော် တပ်ရင်းမှူးဇနီးက တံခါးဖွင့်ပေးလာသည့် ထန်ထန်ကို မြင်သောအခါ သူမ၏ စကားများကို ရုတ်တရက် မြိုချလိုက်တော့သည်။ သူမက ထန်ထန့်ကို ကြောင်အစွာ စိုက်ကြည့်နေခဲ့၏။

ထန်ထန်က သူမ လက်ကို ဝှေ့ယမ်းပြရင်း ပြောလိုက်သည်။

"အစ်မ... ဘာဖြစ်လို့လဲ... မြန်မြန် ဝင်လာလေ..."

"ထန်ထန်လား..." တပ်ရင်းမှူးဇနီးက မသေချာ မရေရာနှင့် မေးလိုက်သည်။

နောက်တစ်ယောက်လာပြန်ပြီ... ထန်ထန်က သက်ပြင်းချလိုက်သည်။ သူမက တပ်ရင်းမှူးဇနီး၏ လက်ကို ဆွဲကာ ရည်ရွယ်ချက်ရှိရှိ စနောက်လိုက်၏။

"ဘာဖြစ်လို့လဲ အစ်မ.. ကျွန်မ သွားတာ နှစ်လပဲ ကြာသေးတာပါ... ကျွန်မကို မမှတ်မိတော့ဘူးလား..."

သူမကို ဆွဲလာသည့် သူက ထန်ထန်ဖြစ်ကြောင်း အတည်ပြုလိုက်ပြီးတော့ တပ်ရင်းမှူးဇနီးက  လေအေးများကို ရှူသွင်းလိုက်၏။ သူမက ထန်ထန့်မျက်နှာကို သေချာကြည့်လိုက်ပြီးနောက် သူမ၏ ပေါင်ကို ရိုက်ကာ ပြောလိုက်သည်။

"အိုက်ယား... ဘုရားရေ... ညီမက တကယ် ထန်ထန်ပဲ.. နှစ်လလောက်ပဲ သွားလိုက်တာပါ.. ဘာလို့ မျက်နှာခွဲစိတ်ပြုပြင်ထားသလိုမျိုး ပြောင်းလဲသွားရတာလဲ..."

ထန်ထန်က ပြုံးလိုက်သည်။ နောက်တစ်ယောက်က သူမအား မျက်နှာခွဲစိတ်ထားသည်ဟု ပြောနေပြန်ပြီ ဖြစ်သည်။ သူမက အမှန်တကယ် ထိုမျှ အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်လား။

"အစ်မ ကျွန်မက ဝိတ်နည်းနည်းတက်လာရုံပါပဲ... ဘာလို့ အားလုံးက ကျွန်မကို မမှတ်မိရတာလဲ..."

"ဘယ်လိုမှတ်မိနိုင်မှာလဲ..."

တပ်ရင်းမှူးဇနီးက ထန်ထန့် လက်မောင်းနှင့် မျက်နှာကို ညှစ်လိုက်သည်။

"ညီမက ဝိတ်နည်းနည်း မဟုတ်ဘူး အများကြီး တက်လာတာ... ညီမ ဆေးရုံမှာ ကျိယန်ကို စောင့်ရှောက်ဖို့ သွားတာ မဟုတ်ဘူးလား... ဘာလို့ ဒီလောက်တောင် ဝိတ်တက်လာရတာလဲ... အရင်တုန်းကတော့ အစ်မ ညီမကို ဝိတ်ပိုကျသွားမှာ စိုးရိမ်နေတာ.... ဒါပေမယ့် လေမှုတ်ထည့်လိုက်သလိုမျိုး ဝိတ်တက်လာမယ်လို့ ထင်မထားမိဘူး..."

ဇနီးချောလေး (Completed)Where stories live. Discover now