ချက်ချင်းပင် ကျိရှောင်ကျိုးက ခုန်ထွက်လာပြီး နောင်နောင်လက်ကို ဆွဲလိုက်သည်။ သူ သူမ၏လက်ကို တင်းတင်းကြပ်ကြပ်ကိုင်လိုက်သည်။
"နောင်နောင်... ငါနင့်ကို အိမ်ပြန်ဖို့ လာခေါ်တာ..."

နောင်နောင် အံ့ဩသွား၍ သူမ၏ မျက်လုံးများ ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားသည်။ ခဏအကြာတွင် သူမခေါင်းငြိမ့်ပြလိုက်ကာ ကျူးဇီရှောင်ကို တာ့တာပြလိုက်သည်။

"ဒါဆို ငါအခု အိမ်ပြန်တော့မယ်နော်... အစားအသောက်တွေက အရသာရှိတယ်... အန်တီ့ကို ငါ့အစား ကျေးဇူးတင်ကြောင်းပြောပေးပါဦး...."

ကျူးဇီရှောင်း ပျော်ရွှင်စွာဖြင့် သူ၏ ခေါင်းကိုကုတ်ရင်း ပြန်ဖြေလိုက်သည်။

"ကောင်းပြီလေ... ငါ့အမေကို ပြောလိုက်ပါ့မယ်... နင်ကြိုက်တယ်ဆိုရင် ငါ့အိမ်ကို ထပ်လာလည်ပြီး လာစားပေါ့..."

နောင်နောင် ခေါင်းငြိမ့်လိုက်သည်။

"အိမ်ပြန်ကြရအောင်... ငါခြင်ကိုက်ခံရလို့သေတော့မယ်...."

ကျိရှောင်ကျိုး နောင်နောင်ကို သူ့စက်ဘီးနားဆွဲခေါ်လိုက်သည်။ ထို့နောက် သူမစက်ဘီးနောက်ခုံပေါ် မထိုင်ရသေးမီ ခါးမှ မ၍ စက်ဘီးရှေ့ရှိ ဘားတန်းပေါ်တင်လိုက်သည်။ ပြီးသည်နှင့် စက်ဘီးပေါ်တက်ထိုင်၍ သူ့ခြေထောက်ကို စရွေ့၍ နင်းလိုက်တော့သည်။

ဤအနေအထားဖြင့် နောင်နောင်က ကျိရှောင်ကျိုး၏ ခါးကို ဖက်ထားရသည်။ သူ့နှလုံးသားထဲတွင် ယားကျိကျိခံစားလိုက်ရသည်။

ကံဆိုးစွာဖြင့် နောင်နောင်က သူမ၏ အောက်ပိုင်းကို ရွှေ့လိုက်ပြီး ခပ်တိုးတိုးပြောလိုက်သည်။
"ငါ အနောက်မှာထိုင်ချင်တယ်..."

"ဘာလို့လဲ... မသက်မသာဖြစ်လို့လား...."
ကျိရှောင်ကျိုး သူမကို လွှတ်ပေးရန် အစီအစဉ်မရှိပေ။

နောင်နောင်က သူမနှုတ်ခမ်းကို ထော်လိုက်ပြီး သူ့လက်မောင်းကိုပုတ်ကာ ခေါင်းမော့၍ ကြည့်လိုက်သည်။
"ဒီလိုထိုင်ရင် ငါ့အောက်ပိုင်းနာတယ်လေ..."

ကျိရှောင်ကျိုး ရပ်တန့်သွားပြီး ရှက်ရွံ့မှုကြောင့် စုပ်တစ်ချက်သပ်လိုက်သည်။ ထို့နောက် သူ့ခြေထောက်ကို အောက်ချ၍ စက်ဘီးကို ရပ်လိုက်သည်။ သူ နောင်နောင်ကို အနောက်တွင် မထိုင်စေချင်ပေ။ တစ်ချိန်တည်းတွင် သူ့စိတ်ထဲ ဗလာဖြစ်သလို ခံစားလိုက်ရသည်။

ဇနီးချောလေး (Completed)Where stories live. Discover now