အထူးသဖြင့် ဘတ်စကတ်ဘောကစားသမားများအတွက်ပင်။ သူမ၏စကေးကတော်တော်လေးကျွမ်းကျင်သောကြောင့် သာမန် ကောင်လေးများကသူမ၏ပြိုင်ဘက်မဟုတ်ဘဲကျိရှောင်ကျိုးသာ သူမနှင့်ယှဉ်နိုင်ပေသည်။

ကျိရှောင်ကျိုးအတွက်မူ သူ့အဖေမှလွဲ၍ သူနှင့်တန်းတူရွယ်တူချင်း ဘတ်စကတ်ဘောယှဉ်ကစားနိုင်သည့်ပြိုင်ဘက်မျိုး ကိုတွေ့ရသည်မှာရှားလှ သည်။ထို့ကြောင့် သူ စိတ်လှုပ်ရှားတက်ကြွနေမိသည်။အရင်ကဆိုလျှင် နောင်နောင် ကလွှဲ၍တစ်ခြားမိန်းကလေးများနှင့် ကစားသမားများနှင့် အဆက်အသွယ် လုပ်ရသည်ကို မကြိုက်နှစ်သက်ပေ။သို့သော်လည်း ဝေ့ကျား ၏ကျွမ်းကျင်မှုကိုတွေ့ပြီးနောက် သူတို့၏ လှုပ်ရှားမှုများတွင် သူမလာရောက်ပါဝင်ခြင်းကို မငြင်းပယ်မိတော့ပေ။

အချိန်ကြာလာသည်နှင့်အမျှသူတို့ကပင် သူမကိုစတင်၍ဖိတ်ကြားလာကြသည်။သဘာဝကျစွာဖြင့် ကစားသမားများ၏ ညစာစားပွဲ၌လည်း သူမပါဝင်လာလေသည်။သူတို့၏အုပ်စုထဲတွင် နောင်နောင် မှလွဲ၍တစ်ဦးတည်းသောမိန်းကလေးဖြစ်လာလေသည်။

နောင်နောင်ကမူ စကားပြောရသည်ကိုလည်းမကြိုက်သလို  သူများနှင့်လည်းရောရောနှောနှောမနေဘဲ တိတ်တဆိတ် သာနေတတ်သောကြောင့် အားလုံး က သူ့ကိုမရှိသလိုကျော်ချသွားဖို့များလေသည်။ထို့ကြောင့် ဝေ့ကျား၏အကျင့်စရိုက်နှင့်ယှဉ်လိုက်ပါက လုံးဝဆန့်ကျင်ဘက် ဖြစ်နေပေသည်။

သူမက စိတ်သဘောထားပွင့်လင်းကာ လှပသလို ကိစ္စ အသေးအဖွဲလေးများကို လည်းစိတ်မလုပ်တက်ပေ။ သူမက နေအသေးစားလေးကဲ့သို့ပင် တောက်ပ နေသောကြောင့် အဖွဲ့ ထဲမှလူများနှင့်
အပြန်အလှန် ခင်မင်မှုများ ပိုမိုကောင်းမွန်လာလေသည်။

သူတို့ကနောင်နောင်ကိုမကြိုက်နှစ်သက် ချင်းမဟုတ်သော်လည်း သူမကအလွန်တိတ်ဆိတ်လွန်းလှသည်။သူတို့ကနောင်နောင်နှင့်မရင်းနှီးကြပေ။ထို့ကြောင့် ဝေ့ကျားကသာအဖွဲ့၏အချစ်ခံလေး ဖြစ်လာလေသည်။အဘယ်ကြောင့်ဆိုသော် ဝေ့ကျား၏ အမူအကျင့်က ကျိရှောင်ကျိုးနှင့်ဆင်တူလှသည်။သူတို့က စွမ်းဆောင်ရည်လည်းရှိသလို စိတ်သဘောထားကလည်းဆင်တူသည်။

ဇနီးချောလေး (Completed)Where stories live. Discover now