သို့သော် အဘိုးကျိက ရုတ်တရက်ကြီး သူတို့ကိုခေါ်၍ ထန်ကော်ပိုရေးရှင်းကို မကူညီရန် အမိန့်ပေးလာသည်။ ထန်ကော်ပိုရေးရှင်းကို ကူညီပေးသည့် မည်သူ့ကိုမဆို ကျိကော်ပိုရေးရှင်းက ကန်ထုတ်ပစ်မည်ဟု ဆိုလာသည်။

ကျိကော်ပိုရေးရှင်းက အဘွားကျိတည်ထောင်ခဲ့သည့် အရာဖြစ်သည်။ ၎င်းကို အဘွားကျိတစ်သက်လုံး ကြိုးစား၍တည်ဆောက်လာခဲ့ခြင်းဖြစ်သည်။ အဘွားကျိ မသေဆုံးခင်က  အဘိုးကျိကို ကော်ပိုရေးရှင်းတစ်ခုလုံးကို စီမံအုပ်ချုပ်ရန် အခွင့်အာဏာပေးခဲ့ပြီး မဟုတ်ပါက ရောင်းစားပစ်မည်ဟု ဆိုခဲ့သည်။

ကျိဝေ့ဖန်းက တရားဝင်လုပ်ငန်းကိုရွေးချယ်ပြီး လက်ရှိတွင် လုံခြုံရေးဌာနတွင် ခေါင်းဆောင်ဖြစ်နေသည်။ ထို့ကြောင့် သူက ကျိကော်ပိုရေးရှင်းကို မစီမံနိုင်ပေ။ ကျိယန်ကလည်း အဘိုးကျိခြေရာကိုနင်း၍ စစ်တပ်ထဲဝင်ခဲ့သဖြင့် ကျိကော်ပိုရေးရှင်းက်ို စီမံနိုင်စွမ်းမရှိပေ။ ထို့ကြောင့် ကျိဝေ့ဖန်းက ကျိရှစ်ယွဲ့နှင့် လင်းလန်ကို ကော်ပိုရေးရှင်းကို စီမံခိုင်းမည်ဟု အဆိုပြုလာစဉ်က မမြင်ချင်ယောင်ဆောင်ခဲ့ခြင်းဖြစ်သည်။ နှစ်ပေါင်းများစွာအတွင်း ထိုသားအမိက ကုမ္ပဏီကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ခဲ့သဖြင့် အဖိုးကျိက ဘာမှမပြောခဲ့ပေ။

သို့သော် ၎င်းက ကျိကော်ပိုရေးရှင်းက ကျိရှစ်ယွဲ့နှင့် လင်းလန်တို့ ပိုင်ဆိုင်သည်ဟု မဆိုလိုပေ။ အဘိုးကျိက ဖိုင်နယ်ဘော့စ်ဟု ခေါ်၍ရပေသေးသည်။ သူ့တွင် မည်သူ့ကိုမဆို ကန်ထုတ်နိုင်စွမ်း ရှိနေလေသည်။ထို့ကြောင့် အဘိုးကျိ အမိန့်ပေးလိုက်သောအခါ ကျိရှီယွဲ့နှင့် လင်းလန်တို့က သူတို့ မည်မျှပင် ဆန္ဒရှိနေစေ မလွန်ဆန်ဝံ့ကြပေ။ အဆုံးတွင် ကော်ပိုရေးရှင်း၏ ပိုင်ရှင်က သူတို့မဟုတ်ချေ။

ကျိကော်ပိုရေးရှင်း၏ အကူအညီမရ၍ ထန်ကော်ပိုရေးရှင်း၏အခြေအနေက ပိုမိုဆိုးရွားလာသည်။ ထန်မိသားစုက ဤကိစ္စနောက်ကွယ်ရှိလူကို ခန့်မှန်းမိသွားကြသည်။ သူတို့ ကျိယန်ကို ချက်ချင်းတွေးမိသွားကြသည်။

ထန်မိဖြူဖျော့သွားပြီး အဖေထန်ကို ဒေါသတကြီးပြောလိုက်သည်။

ဇနီးချောလေး (Completed)Where stories live. Discover now