“ မာမီ, အရမ်းကြည့်ကောင်းတာပဲ, လှလိုက်တာ ‘’

မြှောက်ပင့်ခံလိုက်ရတဲ့ ထန်ထန် တစ်ယောက် ပန်းလေးတစ်ပွင့်လို အရမ်းကိုပျော်ရွှင်သွားတယ်။ မှန်ရှေ့မှာ နှစ်ပါတ်လောက် ထပ်လှည့်ကြည့်နေပြီး မှန်ထဲမှ သူမကိုယ်သူမ အရမ်းသဘောတကျတွေ ဖြစ်နေတော့တယ်။ သူမအနေနဲ့ အရမ်းပိန်ပြီး ကြည့်ရဆိုးနေပေမယ့်လဲ ၀တ်စုံကြောင့် ပိုကြည့်ကောင်းပြီး ပိန်တယ်လို့မထင်ရတော့ပေ။ ပြီးတော့ ရင်ဘတ်နေရာမှာ ပန်းပွင့်လေးတွေ ထပ်ပေါင်းချုပ်ထားတဲ့အတွက် သူမရင်ဘတ်ကလဲ အရမ်းကြီးပြားကပ်မနေပဲ အလွှာလေးတွေကြောင့် ကြည့်ကောင်းနေစေတယ်။

သူမသာ နည်းနည်းလောက် ကိုယ်အလေးချိန်တက်လာမယ်ဆိုရင် ပိုပြီးကြည့်ကောင်းမှာ အသေအချာပဲ။

အဲ့လိုတွေးလိုက်မိပြီး ဘယ်လိုနည်းလမ်းပဲ သုံးရသုံးရ ဒီလအတွင်း ၅ ကီလိုတက်လာရမယ်လို့ သူမစိတ်ထဲမှ ကျိန်ဆိုလိုက်တယ်။

ညနေရောက်တဲ့အခါမှာ ထန်ထန် က ကျိရှောင်ကျိုး  နဲ့အတူတူ ညစာအတွက် အပြင်ထွက်ပြီး စျေးဝယ်ဖို့ရှိတဲ့အတွက် ၀တ်ထားတဲ့ဝတ်စုံကို ဖို့ပြင်လိုက်တယ်။ ဒါပေမယ့် အသေးလေး  က သူမကို အိမ်ရှေ့တံခါး၀ဆီသို့ အတင်းဆွဲခေါ်နေတယ်။

သူမ နားမလည်စွာနဲ့

‘’ ဘာဖြစ်လို့လဲ ပေါင်ပေါင်, ဘာလို့မာမီကို ဆွဲနေတာလဲ...’’

ကျိရှောင်ကျိုး  က သူမခြေထောက်ကို လွှတ်လိုက်ပြီး သူ့လက်လေးတွေနဲ့ သူမကိုတံခါး၀ဆီသို့ တွန်းကာ

‘’ မာမီ, အကျီမလဲနဲ့တော့, ဒီတိုင်းပဲ သွားကြမယ်’’

ထန်ထန် အမြန်ပဲ ခေါင်းကို ယမ်းလိုက်ကာ

“ မဟုတ်ဘူးလေ, မာမီ အကျီလဲရဦးမယ်, ပြီးမှသားကိုအပြင်ခေါ်သွားမယ်လေ, အရမ်းမလောနဲ့ဦး"

အသေးလေးကလဲ သူ့ခေါင်းကိုယမ်းပြမယ်လို့ ဘယ်သူထင်မှာလဲ

“ မရဘူး, မလုပ်နဲ့,  မာမီ အကျီမလဲပါနဲ့ , ဒီတိုင်းပဲသွားလိုက်ပါ, ဒီတိုင်းကအရမ်းလှတယ် မာမီရဲ့’’

ဒါဆို သူမက ဒီ၀တ်စုံနဲ့ လှနေတယ်လို့ထင်တဲ့အတွက် အသေးလေးက သူမကိုအကျီပေးမလဲတာပေါ့။ သူက သူမရဲ့ဝတ်စုံအသစ်နဲ့ပုံစံကို ကူညီပေးချင်တာကြောင့်ပေါ့လေ။

ဇနီးချောလေး (Completed)Where stories live. Discover now