သူတို့ရောက်တဲ့အချိန်မှာ လူတိုင်းရောက်နှင့်နေပြီဖြစ်တယ်။ ကျိယန်က ရှောင်ကျိုး ကိုခေါ်လာတဲ့အတွက် လူတိုင်းပျော်ရွှင်နေကြပြီး သူတို့နောက်က ထန်ထန်ကိုမြင်ရတဲ့အခါမှာတော့ လူတိုင်းရဲ့အမူအယာပြောင်းသွားပြီးလေထုက အတော်လေး ကသိကအောက်ဖြစ်သွားတော့တယ်။

ကျိယန်က ဘယ်တုန်းကမှ သူ့ဇနီးကို သူတို့တွေတွေ့ဆုံတိုင်း‌ ခေါ်မလာခဲ့ဖူးပေ။ ပြီးတော့ သူနဲ့ ထန်ထန်တို့ကြားက အကြောင်းအရာတွေကိုလဲ ဘယ်တုန်းကမှ ပြောဆိုခဲ့ခြင်းမရှိပေ။ ဒါပေမယ့်လဲ သူတို့နှစ်ဦးကြားမှာ ပြဿနာတွေရှိတယ်ဆိုတာကိုတော့ အသေးစိတ်မသိကြပေမယ့်လဲ လူတိုင်းကသတိထားမိပြီးဖြစ်တယ်။ ကျိယန် က အဲ့အကြောင်းတွေကိုမပြောချင်ခဲ့တဲ့အတွက် သူတို့ကလဲမမေးခဲ့ကြဘူး။

ဒါပေမယ့် ဒီနေ့မှ ဘယ်လိုဖြစ်သွားတာလဲ

ကုကျန်းအန်း ရဲ့ဇနီးက ပတ်၀န်းကျင်ကိုသက်သာစေရန် လေထုကို ပထမဆုံးချိုးဖျက်လိုက်တယ်။ သူမက ကျိယန် လက်ထဲမှ ရှောင်ကျိုးကို ချီလိုက်ကာ ပါးကိုအားရပါးရနမ်းလိုက်ပြီး

“ အချစ်ကလေး, အန်တီ ယွဲ့ ကသားကိုအရမ်းသတိရနေတာ”

ရှောင်ကျိုးက သူမ ပါးကိုပြန်နမ်းလိုက်ကာ ချစ်ဖို့ကောင်းတဲ့ ကလေးအသံလေးနဲ့ပြောလိုက်တယ်

“ အန်တီ ယွဲ့ သားလဲ အန်တီ့ကိုအများကြီးလွမ်းနေတာ”

ကျီယွဲ့ က မထိန်းနိုင်တော့ပဲ သူ့ခင်ပွန်းဆီကိုတိုက်ရိုက်ပဲ အသေးလေးအားချီပြီးသွားလိုက်တယ်။ သူမက ချစ်စရာကောင်းတဲ့ အသားလုံးလေးရဲ့ပျော်စရာတွေကို သူ့ခင်ပွန်းနဲ့အတူတူ မျှေ၀ချင်တယ်လေ။

အဲ့အချိန်မှာပဲ ကျိုးကျီက ဝှီးချဲနဲ့ရောက်လာတော့တယ်။ သူက ကျိယန် ကိုလက်ဆွဲနှုတ်ဆက်ပြီးနောက် ထန်ထန်ကိုပြုံးပြကာပြောလိုက်တယ်

“ခယ်မလေး ထိုင်ပါဦး, သက်သောင့်သက်သာနေနော်”

ထန်ထန်အသက်ရှုထုတ်လိုက်ရင်းနဲ့ ကျိုးကျီကိုပြုံးပြလိုက်ကာ ကျိယန် နောက်မှလိုက်သွားပြီး သူ့အနားမှာပဲထိုင်လိုက်တယ်။

ဇနီးချောလေး (Completed)Where stories live. Discover now