My Little Bad Boy 💕 Part 8💕

Comincia dall'inizio
                                        

Xz:" ဟွန့် ပစ်ထားတယ်လေ ။စောစောကဟိုမမနဲ့တွေ့တော့ လူကြီးက သားကိုမေ့သွားတာမလား"

Yb:" မမေ့ရပါဖူးဗျားး။ကိုယ့်ကဒီက ပိစိညှောင့်စိ အရစ်တုံး အဆိုးအဆာဂျစ်တူးလေးကိုအမြဲ ထိပ်တန်းကသတိရတာပါဗျား"

Xz:" လူကြီးနော်းးး😒လူကို နာမည်အစုံဘဲ ။ မခေါ်ဘဲနေမှာနော်"

Yb:" အိုက်ယားးမလုပ်ပါနဲ့ဗျားး။ကိုယ်တောင်းပန်ပါတယ်"

Xz:" ဟွန့် ပြန်မယ်လာ ။လမ်းမှာ milk tea တစ်ခွက်ဝယ်‌တိုက်"

Yb:" ဟောဗျာ စောစောကပြောတော့မစားဖူးဆို။ဗိုက်ဝပြီဆို။"

Xz:" ဟီး😁 အ့ကစောစောက။ခုငိုလိုက်လို့ ပြန်ပြီးဆာသွားပြီ။ဘာလဲ ငြိုငြင်တာလားပြော😒"

Yb:" မဟုတ်ရပါဖူးဗျားး ပိစိကစားချင်ရင်ကိုယ်ကအဆင်သင့်ဘဲ"
(ဟိတ် မုန့်နော်မုန့်👀)

Xz:" ပြီးးရော အ့ဆိုသွားမယ်"

Yb:" ဟုတ်ပါပြီဗျ"

ဒါနဲ့ဘဲ ကလေးပေါက်ရဲ့အလိုကျ milk tea လေးဝယ်တိုက်ပြိးအိမ်ကိုမောင်းလာတော့တယ်။

လမ်းမှာတော့ကလေးပေါက်က milk tea ဘူးလေးကို နှုတ်ခမ်းးလေးဆူပြီးစုတ်သောက်နေလေရဲ့။ဒါကိုကားမောင်းရင်းလှည့်ကြည့်မိတဲ့ရိပေါ်ကတော့ မယိုးမယွနဲ့။
သူ့စိတ်ကိုအတတ်နိုင်ဆုံးထိန်းနေတဲ့ ရိပေါ်ကကားကိုသာအာရုံပြန်စိုက်မောင်းတော့တယ်။ အသင့်တင့်ကြာသော်ငြားလည်းစိတ်ကထိုကလေးပေါက်ဆီမှာသာ။မကြည့်မိအောင် အောင့်အီးထားသောငြားလည်း လမ်းတစ်ဝက်အရောက်မှာမနေနိုင်ဘဲလှည့်ကြည့်မိရာ။

Yb:" ဟွန်"

ပိစိကအိပ်နေလေပြီ။ ပါးစပ်လေးကဟပြီးယုန်သွားလေးကပေါ်လို့။ လက်ထဲကဘူးလေးကိုတော့အကုန်သောက်‌သွားရှာတယ်။
ပိစိကတကယ့်ကိုအစားမက်လေးပါကွားး။

ရိပေါ်လည်းတစ်ချက်ရယ်ပြီးကားကိုသာဆက်မောင်လာတော့တယ်။အိမ်နားရောက်ခါနီးမှာတော့ မိုးကဖွဲဖွဲလေးရွာနေလေပြီ။ဘေးကပိစိကိုကြည့်ပြန်တော့ သူ့ခဗျာကွေးကွေးလေးအိပ်နေလေရဲ့။ရိပေါ်လည်းပိစိနိုးမည်စိုး၍ ကားတံခါးဖွင့်ရန်ဟွန်းမတီးတော့ပေ။ ခြံစောင့်ကိုဖုန်းဆက်ဆက်ကာ တံခါးလာဖွင့်ခိုင်းလိုက်တော့တယ်။

ခြံထဲရောက်လို့ကားရပ်သည်ထိ ပိစိက မနိုးသေးပေ။ရိပေါ်လည်း ကလေးပေါက်ကိုမနိုးလို၍ ကားထဲကနေအိမ်ထဲကိုပွေ့ချီလာတော့တယ်။
အိမ်ထဲရောက်တဲ့ထိနှစ်နှစ်ခြိုက်ခြိုက်အိပ်နေတဲ့ ပိစိကတုတ်တုတ်မျှမလှုပ်။ ရိပေါ်လည်းအိပ်ပါစေဆိုပြီး ပိစိအခန်းထဲမှာသွားသိပ်လိုက်တော့တယ်။ညစာကိုတော့ ဒီကလေးမဆာလောက်ဖူးမလား။
ရိပေါ်လည်းပိစိကိုသူ့အခန်းထဲသိပ်ပြီး သူလည်းမိုး‌ေအး‌ေနလို့ခြေလက်ဘဲသန့်စင်ကာ ညစာစားလိုက်တော့တယ်။
ရိပေါ်ညစာစားပြီးတဲ့နောက် ပိစိကိုတစ်ချက်ပြန်တက်ကြည့်ရ
‌ေသးတယ်။ အအိပ်ပုတ်လေးက တကယ်မနိုးလာပေ။မိုးအေးအေးနဲ့စောင်ပုံထဲတိုးခွအိပ်နေလေရဲ့။ကြည့်ရတာ ငိုရလွန်းလို့ပင်ပန်းသွားပြီထင်တယ်။

* ကောင်းကောင်းအိပ်စက်ပါကလေးငယ်*

ရိပေါ်လည်းပိစိကိုကြည့်ပြီးသေချာမီးမှိတ်တံခါးပိတ်ကာ သူလည်းအိပ်စက်အနားယူခဲ့တော့သည်။
မနက်ဖြန်တော့ ပိစိနဲ့ခွဲရတော့မှာပါလားနော်းးး။

💕💕💕💕💕💕
ကဲကဲ နောက်အပိုင်း sprise အကြီးးးကြိးရှိတယ်နော်။ဖတ်ချင်လား👀ဖတ်ချင်ရင် like များများသာပေး ။ ခုတော့ တစ်ခန်းရပ်ပါပြီရှန်🤭

BJYX



My Little Bad Boy 💖💖Dove le storie prendono vita. Scoprilo ora