" အစ်ကိုဂျောင်ဂု ဘာဖြစ်လို့လဲ။ ဆေးပေးခန်းအထိဆိုတော့အမေနဲ့အဖေတစ်ခုခုဖြစ်လို့လား။"
" ဟ..ဟင်"
" ဒုန်းဆိုင်းဝင်လာလို့လေ"
သာမန်တိုက်ဆိုင်သလိုအပြောကြောင့် ရင်ထဲကအပူလှိုင်းတွေလျော့ချင်ချင်ဖြစ်သွားသည်။ ထိုအချိန်မှာပဲ လိုက်ကာများကာထားသောဆေးပေးခန်းကုတင်အတွင်းမှထွက်လာသည့်အိမ်အကူအမျိုးသမီးကဂျောင်ဂုဆီရောက်လာသည်။
ဘေးကိုရောက်လာတဲ့အချိန်ထယ်ယောင်းကိုရယ်ပြရင်းသွားကိုစိလို့ဂျောင်ဂုအနားကိုတိုးတိုးကပ်ပြောလာ၏။
" တွေ့လားအစ်ကိုလေး...နာမည်ကြီးမော်ဒယ်ဗန်တီလိုင်လာပါဆို။ "
ကိုယ့်အတွက်တော့သူတို့ပြောနေကြသည့်၊အပြင်မှာသိပ်တွေ့ဖူးချင်နေကြသည့်မော်ဒယ်ဗန်တီလိုင်လာဟာ နေ့စဉ်နဲ့အမျှသူ့မျက်နှာလေးကိုမော်ဖူးခွင့်ရသူဖြစ်တဲ့အတွက်အဆန်းမဟုတ်။ နောက်ပြီး အနုပညာရှင်တို့၏မိသားစုအစုံကိုလူမှုကွန်ယက်တွင်ဖော်ပြမထားကြသည်မို့ကျွန်တော်ဟာမောင့်ရဲ့မိသားစုဝင်ဆိုတာလည်းသိမည်မထင်။
ဒါတွေအသာထားစေဦးတော့ ဟိုကလေးကိုမတွေ့ရသေးသလို မောင့်ရဲ့အလိုမကျတဲ့အကြည့်တွေအားရလိုက်သည်။
ဘာလို့လဲ...အကြာကြီးနေမှမောင့်ဆီကဒီလိုအကြည့်မျိုး၊ခံစားချက်တွေနစ်မွန်းနေသောအကြည့်ကိုပြန်ရလိုက်ခြင်းကအပျော်တစ်ဝက် သောကတစ်ဝက်ဖြစ်သည်။ အကျင့်ဖြစ်နေသည့်အတွက်အိမ်အကူအမျိုးသမီးရဲ့အနားကနေခပ်ခွာခွာနေလိုက်သည်။
သို့သော်ငြား အနားကိုပိုတိုးကပ်ကာလျှောက်လာသည့်မောင်က သူ့ရဲ့အဖြူရောင်နေကာအင်္ကျီရှည်အားချွတ်ပြီးကျွန်တော့်ပခုံးပေါ်ခြုံပေးသည်။
မရိုးအီနိုင်သောရင်ခုန်ခြင်းတွေအစပြုလာသည့်အခါ မောင့်မျက်ဝန်းတွေကိုမော့ကြည့်မိ၏။
" ခြုံထား.....ဘယ်ရည်းစားဘာဖြစ်လို့ရောက်လာလဲမသိပေမဲ့နောက်တစ်ခါအပြင်ထွက်ရင်ဒီလိုပုံစံမျိုးဝတ်မလာခဲ့နဲ့.....သတိပေးတာ။"
မောင်ပြောမှကိုယ့်ကိုယ်ကိုငုံ့ကြည့်မိသည်။ အိမ်နေရင်းမို့ လိမ္မော်ရောင်ချိုင်းပြတ်စွပ်ကျယ်နှင့်အတူ အနက်ရောင် pantအတိုကိုဝတ်လာမိခြင်းဖြစ်၍ ခြေညှပ်ဖိနပ်ကိုတောင်လဲမစီးနိုင်ခဲ့သည့်အခြေအနေပင်။
YOU ARE READING
လေနှင်ရာ (completed)
Fanfictionမင်းကလေပြေဆို ငါကရွက်လှေငယ်ပါမောင်....ဒါပေမဲ့လှိုင်းနွဲ့နွဲ့ကခပ်သွဲ့သွဲ့လှောင်ရယ်တော့ ကမ်းမဲ့လှေတစ်ဆင်းဖြစ်ခဲ့ပြီပေါ့......... [ ဤfic သည်စာရေးသူ၏စိတ်ကူးသပ်သပ်ဖြစ်တဲ့အတွက်မည်သည့်တစ်ဦးတစ်ယောက်( သို့) မသန်စွမ်းသူတစ်ဦးတစ်ယောက်ကို မှထိခိုက်လိုခြင်းမရှိ...
( အခန်း၂၅)
Start from the beginning