မနက်​ကဘက်​စ်​​အ​ပေါ်မှာတုန်းကနှင့်​ခြားခြားနားနား...နမ်​ဂျွန်းမျက်​နှာသည်​သိပ်​၍​ကောင်းမ​နေခဲ့ပါ။မျက်​ဝန်းများမှိုင်းပြ​နေကြသည်​။မေးကြည့်​လျှင်​​ကောင်းမလားဟု​တွေး​မိ​သော်​လည်း ​ဆော့ဂျင်​ ​ခေါင်းငုံ့သွားခဲ့သည်​။တစ်​ဖြည်းဖြည်းနှင့်​ သူ့စိတ်​သည်​နမ်​ဂျွန်း၏အရာရာကိုသိချင်​လာခဲ့သည်​။

"တစ်​ခုခုဖြစ်​​နေတာများရှိလို့လား ကျွန်​​တော့်​ကိုရင်​ဖွင့်​လို့ရပါတယ်​.."

တံတား၏တစ်​​လျှောက်​လမ်းဆက်​​လျှောက်​လာကြရင်း နမ်​ဂျွန်း၏လက်​တစ်​ဖက်​သည်​ သူ့ပခုံးထက်​သို့​ရောက်​ရှိသည်​။သူ့ရင်​ထဲလှုပ်​လှုပ်​ခတ်​ခတ်​ဖြစ်​သွားသည်​နှင့်​နမ်​ဂျွန်းကိုမကြည့်​ဘဲပြုံးပြလိုက်​မိသည်​။

"ကိုယ်​အိမ်​နဲ့ပြဿနာဖြစ်​လာတာပါ..အဲ့တာဖြစ်​တာရှား​ပေမယ့်​ ကိုယ်​မှားတယ်​ဆိုတာလည်း သ​ဘော​ပေါက်​ပါတယ်​.."

လေသံ​တွေသည်​ ​အက်​ရှရှဖြစ်​​နေသည်​။ထပ်​​ပြောလာမည့်​စကားလုံးများအား သူစိတ်​ရှည်​စွာ​စောင့်​ဆိုင်း​နေမိသည်​။တံတားလူသွားလမ်းမှ​လျှောက်​လာကြတာဖြစ်​​သော​ကြောင့်​ ဖြတ်​သွား​သောကားများနှင့်​​ဝေး​လေသည်​။

"ကိုယ့်​ကိုအလုပ်​ခွင်​ဝင်​​စေချင်​​နေကြ​ပေမယ့်​ ကိုယ်​လက်​မခံ​သေးလို့ သူတို့စိတ်​ဆိုးကြတာပါပဲ.."

"နမ်​ဂျွန်း ဘာနဲ့​ကျောင်းပြီးထားတာလည်း.."

"နည်းပညာ...အလုပ်​မရှားဘူးမဟုတ်​လား..ဒါ​ပေမယ့်​ကိုယ်​လွတ်​လွတ်​လပ်​လပ်​​နေချင်​​သေးတာ.."

နမ်​ဂျွန်း၏ရယ်​သံစွက်​​သောစကားသံများကိုကြားမိစဉ်​ အိမ်​ကအလိုလိုက်​ထားမှန်းသိရှိလိုက်​ရသည်​။လူဆိုးလို စီးကရက်​​တွေသိပ်​​သောက်​တာကိုပဲကြည့်​...။နမ်​ဂျွန်းဟာ..

"က​လေးလိုပါပဲ.."

"​ဗျာ.."

သူ့ရင်​ထဲကစကား​တွေသည်​နှုတ်​ဖျားမှလျှံကျသွားခဲ့လို့ နမ်​ဂျွန်းသူ့ကိုရပ်​ရိပ်​မြူးစွာငုံ့ကြည့်​လာသည်​။တစ်​ဖြည်းဖြည်းနမ်​ဂျွန်းရွှင်​မြူးလာမှန်း သူရိပ်​မိပါသည်​။

Strawberries & Cigarettes🍓🚬 { NamJin } Completed !!!Where stories live. Discover now